Articles

ကျန်းမာရေးနဲ့အညီ ချက်ပြုတ်နိုင်ဖို့ မီးဖိုချောင်ထဲမှာ သတိထားရမယ့် အချက် (၁၀) ချက်

Corona Virus က ဒီရက်ပိုင်းတွေမှာ အိမ်တွင်းအောင်းဖို့ ဖန်တီးပေးထားတယ်ဆိုတော့ အားလုံး ဟင်းချက်ကျွမ်းကျင်သူတွေဖြစ်နေကြပြီမလား… ဒီအချိန်က ကျွန်တော်တို့လို စားဖိုမှူးပေါက်စလေးတွေနဲ့ အိမ်မှာ အခုမှမီးဖိုချောင်ကို စ၀င်တဲ့သူတွေအတွက် ဟင်းချက်ခြင်းအနုပညာအကြောင်းလေးတွေကို လေ့လာစမ်းသပ်နေတဲ့အချိန်လို့ထင်ပါတယ်။ ဒါကြောင့် အများစု သတိမထားမိတဲ့ မသိသေးတဲ့ မီးဖိုချောင်တွင်း မှားတတ်တဲ့အမှားလေးတွေကို သတိထားလို့ရအောင်နှင့် ကျန်းမာရေးနှင့်အညီ ကိုယ့်အိမ်ကမီးဖိုချောင်လေးကို အသုံးပြုနိုင်အောင် စုစည်းပြီးတင်ပေးလိုက်ပါတယ်နော်… 1) အသား/ ငါးများအား ဆေးကြောခြင်း တကယ်တော့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ အသား/ငါးတွေကို ဆေးကြောကြတာမလား? တကယ်တော့ အဲ့ဒီလိုမျိုး ဆေးကြောခြင်းက ဘက်တီးရီးယားတွေ… Read More ›

တာမွေဘက်ကအစားတလိုင်းတွေအတွက် စုစည်းတင်ဆက်ပေးထားတဲ့ တာမွေတစ်ခွင်က အမိုက်စားဆိုင်လေးများ

တာမွေတစ်ခွင်ပြဲပြဲစင်အောင် လိုက်ပတ်ဆွဲချင်ပါတယ်ဆိုတဲ့ အမှန်တကယ် အစားချစ်သူတွေအတွက် တာမွေမြို့နယ်ထဲက စားလို့ကောင်းလှပါချည်ရဲ့ဆိုတဲ့ ဆိုင်လေးတွေ ဒီမှာပါဗျို့….. တစ်ပုံချင်းစီအောက်မှာ ဆိုင်လေးတွေအကြောင်းကို အပြည့်အစုံရေးပေးထားလို့ ဝင်ရှိုးပြီး သွားဆွဲဖို့ပြင်လိုက်တော့နော် အကြူရီစကောထမင်းဆိုင် စကောထမင်းကောင်းကောင်းစားချင်တယ်ဆိုရင်တော့ အကြူရီဆိုတဲ့ဆိုင်ကိုသာသွားဗျို့……. ဒီဆိုင်လေးက ကန်တော်ကြီးထဲမှာ ဖွင့်ထားတာဆိုတော့ လေညှင်းလေးခံရင်း သူငယ်ချင်းတွေ/ မိသားစုတွေနဲ့ ထမင်းလေးစား စကားလေးပြောလို့ အရမ်းကောင်းသလို ဓာတ်ပုံလေးတွေရိုက်ရင်လည်းအရမ်းမိုက်တယ် စကောထမင်းအကြောင်း ပြောပြရမယ်ဆိုရင် အဲ့ဒီထဲမှာပါတဲ့ဟင်းတွေအားလုံးက ကိုးကန့်ဒေသပုံစံအတိုင်း ချက်ထားတာ စကောထမင်းက တစ်ယောက်ကို ၇၀၀၀ နှုန်းနဲ့ ၂ ယောက်စာကနေစပြီး မှာစားလို့ရတယ်အသားဟင်း ၂ မျိူးနဲ့ အသီးအရွက် ၃ မျိုးပါတဲ့ ၂ ယောက်စာအတွက်ဆိုရင် ၁၄၀၀၀ ထဲဆိုတော့ တန်တယ်ပြောရမယ် ထမင်းကတော့ လိုသလောက်ထပ်တောင်းလို့ရတယ် ၃ ယောက်စာအတွက်ဆိုရင်… Read More ›

အစားတလိုင်းဘော်ဒါတို့အတွက် ရန်ကင်းတစ်ဝိုက်က Recommend ပေးချင်သော ဆိုင်လေးများ

Heyy You!!! ရန်ကင်းမှာ ဒါမျိုးစားကောင်းတဲ့ဆိုင်တွေရှိတယ်ဆိုတာ သိပြီးပြီလား  အစားအသောက်နဲ့ပတ်သတ်ရင် အသိနောက်ကျပြီး မသိသေးဘူးဆိုတာမျိုး မဖြစ်ရအောင် ဒါမျိုး စာကောင်းတဲ့ဆိုင်လေးတွေမှာတော့ အရင်ဆုံးသွားဆွဲကြည့်သင့်နေပြီနော် တစ်ဆိုင်ချင်းစီရဲ့အကြောင်းလေးတွေကို တစ်ပုံချင်းစီအောက်မှာ ရေးထားပေးတယ်နော်.. Mala Factory Bar & Bbq ခြံဝန်းကျယ်ကျယ်မှာ ဘော်ဒါတွေနဲ့ Hang Out လုပ်ရတာကြိုက်တယ်ဆိုရင် Mala Factory Bar & Bbq က တော်တော်လေးမိုက်တဲ့ Bar လို့ ပြောလို့ရတယ် ဒီဘားလေးက အိမ်ကြီးကြီးခြံကျယ်ကျယ်မှာ ဖွင့်ထားပြီး Private ဆန်သလိုခံစားရတော့ မောင်နှမ‌တွေနဲ့ပဲဖြစ်ဖြစ်  အေးဆေးစကားပြောဖို့မိတ်ဆွေတွေနဲ့ Date ချင်ရင်ဖြစ်ဖြစ် ကွက်တိကျနေရောပဲ ဘီယာမျိုးစုံ၊ ဝီစကီ၊ ဝိုင်တွေအပြင် ရှီXhar ဆိုလည်း အရသာ ၈ မျိုးလောက်ထိရ‌တယ်ဆိုတော့ အသောက်ပိုင်းမှာဆိုရင် တော်တော်လေးကိုစုံစိနေတာပဲလို့ပြောလို့ရတယ်… Read More ›

တောင်ဥက္ကလာပမှ အမိုက်စားဆိုငလေးများ

စားရမယ့်ဆိုင် သောက်ရမယ့်ဘားတွေ ပုံအောနေလို့ ဘယ်သွားရမှန်းမသိ ခြေလှမ်းတွေပျောက်နေတတ်တဲ့ တောင်ဥက္ကလာက ဘော်ဒါဘော်ကျွတ်တွေအတွေးမမှားဘဲ အပြေးသွားသင့်တဲ့နေရာလေးတွေကို ဒီမှာတစ်ချက်ရှိုးလိုက်.. တစ်ပုံချင်းစီရဲ့ အောက်မှာ ဆိုင်လေးတွေရဲ့ အကြောင်းကို သေချာလေးရေးထားပေးတယ်နော်  ဒီ La La Lah Grill & Pot ဆိုတဲ့ ဆိုင်လေးမှာက  Premium Buffet 13500 ကျပ်နဲ့ Standard Buffet 11000 ကျပ်ဆိုပြီး ၂ မျိုးရှိတယ်  ဒီ ၂ မျိုးက ဘာကွာတာလဲဆိုတော့ Standard Buffet က ဟော့ပေါ့သီးသန့်ပဲစားချင်သူတွေအတွက် ဖန်တီးပေးထားတာ  Premium Buffet ကတော့… Read More ›

အိမ်မှာရှိတာလေးတွေနဲ့ပဲ အာဟာရဖြစ်ပြီး အရသာရှိတဲ့ဟင်းလေးတွေ ချက်စားကြည့်ရအောင်

အခုလိုအချိန်မျိုးဆိုတာ Social distancing တွေ Self-Quarantine တွေလုပ်တာအကောင်းဆုံးပါ.. အထူးသဖြင့်အိမ်မှာနေဖို့ပဲအကြံပေးချင်ပါတယ် ပြီးတော့ အစားအသောက်တွေကို ဆိုင်မှာဝယ်စားတာထက် အိမ်မှာကိုယ်တိုင်ချက်စားတာက ပိုပြီးကျန်းမာရေးနဲ့ညီညွတ်တယ်လေ အဲ့တော့ အိမ်မှာရှိတာလေးတွေနဲ့ အလွယ်တကူချက်လို့ရတဲ့ဟင်းလေးကို မင်မင်တို့ တင်ဆက်ပေးထားတယ်နော် နောက်နေ့တွေမှာလည်း အခုလို ဟင်းချက်နည်းလေးတွေကို တင်ပေးသွားဦးမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါနော်…  

ကိုယ်ခံအားလည်းကောင်းပြီး ထမင်းမြိန်စေမဲ့ ကြက်သားဗူးသီးစပါးလင်ဟင်းလေး ချက်စားကြည့်ရအောင်

ကိုယ်ခံအားလည်းကောင်း .. ထမင်းမြိန်စေမဲ့ ကြက်သားဗူးသီးစပါးလင် ဟင်းချက်နည်း လေးတင်ပေးလိုက်မယ်နော်.. ပါဝင်ပစ္စည်းများ – ကြက်သား ( ရင်ပုံ / ပေါင် / ခြေထောက် နှစ်သက်ရာ ) – ဗူးသီး ( နုနုလေးဆိုပိုချိုမြိန်ပါတယ် ) – စပါးလင် ( အနည်းငယ်ကြေ‌အောင် ထုထားပါ ) – ရှမ်းနံနံ ( လှီးဖြတ်ထားပါ ) – ဂျင်း ( အနည်းငယ်ထောင်းထားပေးပါ ) ငရုတ်သီးအတောင့်ရှည် ( ၂ ခြမ်းခွဲထားပါ )… Read More ›

အိမ်မှာနေရင်း မိသားစုနဲ့အတူ ရှူးရှဲရဘေဝဲသုပ်လေး လုပ်စားကြည့်ရအောင်

ရှူးရှဲရေဘဝဲသုပ်လေးကို Stay at Home ရင်း လုပ်စားလို့ရအောင် ချက်ပြုတ်နည်းလေးတင်ပေးလိုက်မယ်နော်  ရေဘဝဲရခိုင်သုပ် အတွက်ပါဝင်ပစ္စည်းများ ရေဘဝဲ ( မိမိကြိုကက်နှစ်သက်သည့် အရွယ်အစား / အကောင်ရေ ) ငရုတ်သီးတောင့် ကြက်သွန်ဖြူ / နီ စိမ်းစားငါးပိ သကြား သံပရာသီး ခရမ်းချဉ်သီး ရှောက်ရွက် ( သို့ ) နံနံပင် ဆား ချက်ပြုတ် ပြုလုပ်နည်း  ရေဘဝဲကို ရေစင်အောင်ဆေးကြောပြီး .. ဆား ၊ အချဉ်သံပုရာသီး ညှစ်ထည့်ပြီး အချိန်အနည်းငယ်… Read More ›

ဟင်းတစ်ခွက်ထဲနဲ့ ထမင်းမြိန်စေမယ့် ချဉ်ချဉ်စပ်စပ်ကြက်သားငပိချက် ချက်နည်း

” ထမင်းမြိန်စေတဲ့ ဟင်းကောင်းတစ်ခွက်ကို အတင်းလာလာမေးလို့ ”  ချက်နည်းလေး ပြောပြလိုက်မယ် .. ဆက်ရှိုးလိုက် အခုအချိန်မှာ အစားကောင်းကောင်းစားနိုင်မှအားရှိမှာဆိုတော့ ထမင်းမြိန်စေတဲ့ ချဉ်ငံစပ်အရသာ ကြက်သားငါးပိချက် ချက်ပြုတ်နည်းလေး‌ပြောပြမယ်..  ကြက်သားငပိချက်ရဲ့ ပါဝင်ပစ္စည်းများ – ကြက်သား– မျှင်ငပိ– ကြက်သွန်ဖြူ– ကြက်သွန်နီ– ဂျင်း– ကြက်သားမှုန့်– နနွင်းမှုန့်– ငရုတ်သီးစိမ်း– နံနံပင် ( သို့မဟုတ် ) ရှားနံနံပင်– ဆီ ချက်ပြုတ်နည်းအဆင့်ဆင့် ကြက်သားကို ရေဆေးသန့်စင်ပြီးလျှင် လက် ၂ ဆစ်အရွယ် သော်လည်းကောင်း ၊ နုပ်နုပ်စင်း… Read More ›

အိမ်မှာနေရင်း မိသားစုနဲ့အတူအလွယ်တကူ ချက်ပြုတ်လို့ရမယ့် ပူပူစပ်စပ်မာလာဟင်းချက်နည်း

ပူပူစပ်စပ်မာလာဟင်း ချက်စားပြီး ” အိမ်မှာနေကြရအောင် ” ချက်နည်းလေးတင်ပေးလိုက်မယ်နော် .. ပါဝင်ပစ္စည်းများ ဟင်းသီးဟင်းရွက် အစုံထည့်လို့ရတဲ့ အပြင်( ဂေါ်ဒခါးညွှန့် / ပဲ‌စောင်းသီး / မုန့်ညှင်းစိမ်း / ‌‌ပန်းဂေါ်ဖီ / ဂေါ်ဖီစိမ်း / ရုံးပတေသီး / မုန်လာဥနီ တို့နဲ့လည်းလိုက်ဖက်ပါတယ် ) အဓိကလိုအပ်တာလေးတွေက … – ကြာစွယ်– မာလာခေါက်ဆွဲ– ကြွက်နားရွက်မှို– ပဲပြားစသည်တို့ကမပါမဖြစ် ထည့်ရပါမယ်နော် .. ချက်ပြုတ်နည်း ပထမဆုံး မာလာဟင်းအနှစ် အရင်ချက်ရပါမယ် ..မာလာဟင်းအနှစ်ထုပ်… Read More ›

ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရဖြစ်စေယ့် ဂျင်းကြက်သားစွတ်ပြုတ်ရည် ချက်နည်း

ဒီလိုအချိန်မှာ ကိုယ်ခံအားကောင်းအောင်နေခြင်းကသာ ကြိုတင်ကာကွယ်ခြင်းဖြစ်တာဆိုတော့ ..အိမ်မှာနေရင်း ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူကြီး / ကလေးသူငယ် တွေ အာဟာရပြည့် အားရှိစေတဲ့ ” ဂျင်းကြက်သားစွပ်ပြုတ်ရည် ” ချက်နည်းလေး တင်ပေးလိုက်မယ်နော် ပါဝင်ပစ္စည်းများ ကဲ .. ပါဝင်ပစ္စည်းလေးတွေ အရင်ဆုံးကြည့်ရအောင် – ကြက်သား – ဂျင်း – နံနံပင် အနည်းငယ် – ကြက်သွန်မြိတ် – ကြက်သွန်နီ / ကြက်သွန်ဖြူ – မုန်လာဥနီ ( သို့မဟုတ် ) မုန်လာဥဖြူ – ဆီအနည်းငယ်… Read More ›