အစားတလိုင်းဘော်ဒါတို့အတွက် ရန်ကင်းတစ်ဝိုက်က Recommend ပေးချင်သော ဆိုင်လေးများ

Heyy You!!! ရန်ကင်းမှာ ဒါမျိုးစားကောင်းတဲ့ဆိုင်တွေရှိတယ်ဆိုတာ သိပြီးပြီလား 

အစားအသောက်နဲ့ပတ်သတ်ရင် အသိနောက်ကျပြီး မသိသေးဘူးဆိုတာမျိုး မဖြစ်ရအောင် ဒါမျိုး စာကောင်းတဲ့ဆိုင်လေးတွေမှာတော့ အရင်ဆုံးသွားဆွဲကြည့်သင့်နေပြီနော်

တစ်ဆိုင်ချင်းစီရဲ့အကြောင်းလေးတွေကို တစ်ပုံချင်းစီအောက်မှာ ရေးထားပေးတယ်နော်..

Mala Factory Bar & Bbq

ခြံဝန်းကျယ်ကျယ်မှာ ဘော်ဒါတွေနဲ့ Hang Out လုပ်ရတာကြိုက်တယ်ဆိုရင် Mala Factory Bar & Bbq က တော်တော်လေးမိုက်တဲ့ Bar လို့ ပြောလို့ရတယ်

ဒီဘားလေးက အိမ်ကြီးကြီးခြံကျယ်ကျယ်မှာ ဖွင့်ထားပြီး Private ဆန်သလိုခံစားရတော့ မောင်နှမ‌တွေနဲ့ပဲဖြစ်ဖြစ်  အေးဆေးစကားပြောဖို့မိတ်ဆွေတွေနဲ့ Date ချင်ရင်ဖြစ်ဖြစ် ကွက်တိကျနေရောပဲ

ဘီယာမျိုးစုံ၊ ဝီစကီ၊ ဝိုင်တွေအပြင် ရှီXhar ဆိုလည်း အရသာ ၈ မျိုးလောက်ထိရ‌တယ်ဆိုတော့ အသောက်ပိုင်းမှာဆိုရင် တော်တော်လေးကိုစုံစိနေတာပဲလို့ပြောလို့ရတယ်

ဒီဘားရဲ့ထူးခြားချက်ကဘာလဲဆိုတော့ အကင်တွေကို ယူနန်စတိုင်နဲ့ မာလာအရသာလေးရအောင်ကင်ပေးတာပဲ
ဈေးကလည်း ၅၀၀ လောက်ကစပြီး ၅၀၀၀ လောက်အထိ အစားစားရှိတယ်ဆိုတော့ ဈေးကြီးတဲ့ထဲမပါဘူး

သောက်စရာတွေအတွက်ကတော့ တော်တော်လေးစုံပြီး အကင်တွေတော့ တော်တော်စုံစုံရပေမဲ့
တစ်ခြားဗိုက်ဖြည့်စရာအစားအစာနဲ့ဆိုရင်တော့ ၃၊ ၄ မျိုးလောက်ပဲရှိပြီး အရည်သောက်ကတော့ ၂ မျိုးလောက်ပဲရှိသေးတယ်
နောက်ပိုင်းတော့ မာလာရှမ်းကောတွေဘာတွေရမယ်ပြောတယ်

Outdoor မှာပဲလွင့်မလား Indoor မှာပဲထိုင်ငြိမ့်မလား အမျိုးစုံကြိုးခုံလို့ရလို့ ဘော်ဒါတွေနဲ့ဒိတ်မယ်ဆို ဒီဘားလေးက ကွက်စတိနော်

Mala Factory Bar & Bbq
Address : အမှတ် ၂၂ ၊ အောင်ဇေယျလမ်း ၊ ၁၄ ရပ်ကွက် ၊ ရန်ကင်းမြို့နယ်
Opening Hour : 5:00 PM – 11:00 PM
Phone.No : 09688866886 / 09661168999

ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link 


ခေတ်ဒေဝီ – Khit Daewi

ဒီဆိုင်လေးကတော့ အိန္ဒိယအစားအစာနဲ့ ရိုးရာတိုင်းရင်းသားအစားအစာ ကောင်းကောင်းလေးတွေကို အရသာအဆန်းလေးတွေနဲ့ စားလို့ရနိုင်တဲ့ ဆိုင်ကောင်းလေးတစ်ဆိုင်ပေါ့

အဓိကဘာတွေရလဲဆိုတော့ Indian Food / သီရိလင်္ကာ ဒေသအစားစာ/ ရိုးရာတိုင်းရင်းသား အစားစာ / Asian Food / European Food တွေထိပါ အစုံရတယ်

ဒီဆိုင်ရဲ့ထူးခြားချက်လေးတွေက

ချက်သမျှဟင်းတွေအကုန်လုံး အချိုမှုန့်လုံးဝမသုံးဘူး
 ပြီးတော့ ဆိုင်မှာရတဲ့ အစားအစာတွေကို မြန်မာလူမျိုးတွေရဲ့ ခံတွင်းနဲ့ကိုက်အောင် ဦးစားပေးပြီးချက်ပြုတ်ထားတယ်
 Luxury ဆန်ဆန်စားလို့ရတယ်ဆိုပေမဲ့ ဈေးနှုန်းတွေက ကြီးတဲ့ထဲမပါဘူးရယ် ၁၅၀၀ ကျပ်ကနေ အများဆုံး ၉၀၀၀ ကျပ်အတွင်းပဲရယ်

ဒီဆိုင်ကမင်မင်တို့ကြိုက်တဲ့ စားကောင်းတာလေးတွေဆိုရင်

ကြက်သားကို Indian Style အမွှေးအကြိုင်လေးတွေနဲ့မွှေးပြီး အိနေအောင်ကင်ထားပေးပြီးကောက်ညှင်းပေါင်း /  အာလူးချောင်းကြော်/ ပြောင်းဖူးကင်လေးတွေလည်း ပါတော့ ၂ ယောက်လောက် အေးဆေးဆွဲလို့ရတဲ့ ဒေဝီကြက်ကင် (Half) ကတော့ အကြိုက်ဆုံးပဲ 

နောက်ပြီး ပလာတာကို အသားနဲ့ရောကြော်ထားပြီး စားလိုက်ရင် လုံးဝမအီတဲ့ သီရိလင်္ကာအစားအစာ ကိုသူကြော် ဆိုတာလေးရယ်
ဆိတ်သား / ငရုပ်ပွသီး / ကြက်သွန် / ခရမ်းချဉ်သီးတွေနဲ့ ကင်ထားတဲ့ အိန္ဒိယစတိုင် ဆိတ်သားဆာတေးလေးတွေ ကလည်းအရမ်းမိုက်တယ်

အချိုပွဲတွေနဲ့ အအေးဆိုလည်း အမျိုးစုံရပြီး Beer တွေလည်းရသေးတယ် ကားပါကင်ကလည်းကျယ်ကပြီး Wifi ကလည်း Free ပဲ Delivery ဆိုရင်တော့ Food Panda ၊ Door 2 Door တို့နဲ့ ချိတ်ထားပါတယ်တဲ့ 

 ခေတ်ဒေဝီ – Khit Daewi 

 Address : အမှတ် ၃၃ ၊ ဘောက်ထော်ဘူတာရုံလမ်းသွယ် ၊ မိုးကောင်းလမ်းမ ၊ ရန်ကန်းမြို့နယ်
 Opening Hour :7:00 AM – 10:00 PM
Phone.No : 09 775 499 873 , 09 967 220 994

ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link 


Gathering Food Hideaway

ဒီဆိုင်လေးမှာက European နဲ့ Asian Fusion တွေ အဓိကရတယ်

ဆိုင်ကနှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်ကို garden လိုလေးလုပ်ထားတာဆိုတော့ အရမ်း chill ဖြစ်ပြီး နေလို့ကောင်းတယ်
Lunch Date တို့ Dinner Date တို့ လုပ်လို့ကောင်းတဲ့ဆိုင်လေးဆိုလည်း မမှားဘူး

အဓိက လူကြိုက်များကြတာက Steaks တွေကို Wine Sauce လေးတွေနဲ့စားရတာပဲ

အကြွေဆုံးကတော့နဲ့ အတန်ဆုံကတော့ နိုင်ငံခြားကနေ မှာတဲ့ Angus beef strip loin 200 g Portion ကြီးကို Wine Sauce နဲ့ စားရတာပဲ

ဒီလို Portion မျိုးနဲ့ ဒီလိုနိုင်ငံခြားအမဲသားကို ၁၅၀၀၀ ပဲပေးရတာဆိုတော့ ကိုယ်တောင် အံ့ဩနေရောပဲ

တစ်ခုပဲ သူ့ဆိုင်မှာက နိုင်ငံခြား Beef ကို Medium ထိပဲမှာလို့ရတယ် Well Done ချက်ရင်အသားက မာပြီးစားလို့မကောင်းဘူးလို့ မင်မင်တို့ Well Done စားချင်ရင်တော့ local beef ကိုစားဖို့ ဆိုင်က Recommend ပေးတယ်

Local Beef ဆိုပေမဲ့ မြန်မာပြည်က အမဲသားလို့မထင်ရအာင်ပဲ အရမ်းနူးညံတယ် အချိန်အကြာကြီး Oven နဲ့ Slow Cook လုပ်ထားပြီးမှ ပြန်ကင်ထားလို့
နူးညံနေတာလို့ပြောတယ်

ထူးခြားတာက ဒီဆိုင်က ကြက်သား၊ ဝက်သား၊အမဲသား အကုန်လုံးက အသားလေးတွေနူးညံပြီး Juicy ဖြစ်နေတာပဲ ပြီးတော့သူရဲ့ Wine Sauce က အသားနဲ့အရမ်းလိုက်တယ်

Pasta ကြိုက်တဲ့သူတွေဆိုလဲ အရမ်းသဘောကျမှာ အရသာရှယ်မိုက်တဲ့ Pasta တစ်ပွဲမှ ၅၀၀၀ ကျပ်ထဲရယ် 

နောက်တစ်ခုလူကြိုက်များတာဆိုရင်တော့ မာလာရှမ်းကောပဲ တစ်ပွဲကို ၆၀၀၀ နဲ့ လူနှစ်ယောက်လောက်အေးဆေးစားလို့ရတယ်အသားကတော့ တစ်မျိုးပဲပါပါတယ်

စျေးကပုံမှန်လောက်သာပေးရပေမဲ့ အရသာက အရမ်းကောင်းတယ် အထုံအစပ် ကိုလုံးဝကွက်တိကျပြီး ဆီလဲမများဘူး
အသားအစုံရယ်၊ ပုဇွန်ရယ်ပါတာမှ ၁၂၀၀၀ ကျပ်ထဲရယ် အဲ့ဒါကတော့ပိုတန်တယ် အစုံပါပြီးပွဲလဲပိုများတယ်

နောက်ဆုံးတစ်ခုကတော့ သူတို့ဆီက Brownie Ice Cream လေးကို စားဖြစ်အောင်စားကြည့်စေချင်တယ်

Delivery နဲ့မှာစားချင်တယ်ဆိုရင်တော့ Foodpanda ၊ Hi-So Mall နဲ့ ချိတ်ထားပါတယ်တဲ့

Gathering Food Hideaway

Address : အမှတ် ၃၈/၁ ၊ ရန်ကင်းလမ်းသွယ် ၁ (အရိယမင်္ဂဘုန်းကြီးကျောင်းလမ်း) ၊ ရန်ကင်းမြို့နယ်
Opening Hour : 11:00 AM – 10:00 PM
Phone.No : 09 970 082950

ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link 


M Craft

အစားအသောက်ကောင်းကောင်းလေးတွေကိုမှ အမိအရစားချင်တာဆိုရင်တော့  M Craft ဆိုတဲ့ ဆိုင်လေးက အသင့်တော်ဆုံးပဲ

ဒီဆိုင်လေးမှာ အမိုက်ဆုံးနဲ့ အကြွေရဆုံးကို ပြောပါဆိုရင်

ခပ်ကြီးကြီးဝက်လက်အုံကိုမှ ကြွပ်ကြွပ်ရွရွလေးနဲ့ တစ်ကိုက်စားပြီးတိုင်း ထပ်စားချင်အောင်ဖြစ်ဖြစ်သွားတဲ့ ဝက်လက်အုံအကြွပ်ကြော် – 18000 Ks ရယ် 

500 gram ထက်ပိုတဲ့ ဝက်နံရိုးတွေပေါ်မှာမှ မစပ်တစ်စပ်ဆော့စ်လေးကိုစမ်းထားတဲ့ ဝက်နံရိုး Spicy – 9500 Ks ဆိုတဲ့ဟာလေးနှစ်ခုပေါ့ 

ပြီးတော့ ဒီဝက်နံရိုး Spicy နဲ့ ဝက်လက်အုံအကြွပ်ကြော်ကို 16.3.2020 ကနေ 23.3.2020 ရက်နေ့အထိ 10% Discount တောင်ပေးနေသေးတယ်ဆိုတော့ Discount လေးတွေနဲ့ ပိုတန်နေတုန်း အမြန်ဆုံးသွားစားကြည့်စေချင်ပါတယ်နော် 

ဒီလိုအစားကောင်းလေးတွေတင်မဟုတ်ဘူး..အလန်းစား Italian Soda တွေ ၊ Smoothie ၊ Fresh Juice တွေအပြင် Beer နဲ့ ကော့တေးတွေလည်းရသေးတယ်

Delivery ဆိုရင်လည်း Deliverink ရယ် Foodpanda ရယ်နဲ့လည်းချိတ်ထားသေးတယ်ဆိုတော့ အိမ်ကနေပဲ မှာဆွဲမယ်ဆိုရင်လည်း အဆင်ကိုပြေနေရောပဲ..

 M Craft 

Address : No.14B, Pyi Thar Yar Street, Yankin Township, Yangon
Opening Hour : 11:00 AM – 10:00 PM
 Phone.No : 09407493307

ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link 




Categories: Articles

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: