တာမွေတစ်ခွင်ပြဲပြဲစင်အောင် လိုက်ပတ်ဆွဲချင်ပါတယ်ဆိုတဲ့ အမှန်တကယ် အစားချစ်သူတွေအတွက် တာမွေမြို့နယ်ထဲက စားလို့ကောင်းလှပါချည်ရဲ့ဆိုတဲ့ ဆိုင်လေးတွေ ဒီမှာပါဗျို့…..
တစ်ပုံချင်းစီအောက်မှာ ဆိုင်လေးတွေအကြောင်းကို အပြည့်အစုံရေးပေးထားလို့ ဝင်ရှိုးပြီး သွားဆွဲဖို့ပြင်လိုက်တော့နော်
အကြူရီစကောထမင်းဆိုင်
စကောထမင်းကောင်းကောင်းစားချင်တယ်ဆိုရင်တော့ အကြူရီဆိုတဲ့ဆိုင်ကိုသာသွားဗျို့…….

ဒီဆိုင်လေးက ကန်တော်ကြီးထဲမှာ ဖွင့်ထားတာဆိုတော့ လေညှင်းလေးခံရင်း သူငယ်ချင်းတွေ/ မိသားစုတွေနဲ့ ထမင်းလေးစား စကားလေးပြောလို့ အရမ်းကောင်းသလို ဓာတ်ပုံလေးတွေရိုက်ရင်လည်းအရမ်းမိုက်တယ်
စကောထမင်းအကြောင်း ပြောပြရမယ်ဆိုရင် အဲ့ဒီထဲမှာပါတဲ့ဟင်းတွေအားလုံးက ကိုးကန့်ဒေသပုံစံအတိုင်း ချက်ထားတာ
စကောထမင်းက တစ်ယောက်ကို ၇၀၀၀ နှုန်းနဲ့ ၂ ယောက်စာကနေစပြီး မှာစားလို့ရတယ်
အသားဟင်း ၂ မျိူးနဲ့ အသီးအရွက် ၃ မျိုးပါတဲ့ ၂ ယောက်စာအတွက်ဆိုရင် ၁၄၀၀၀ ထဲဆိုတော့ တန်တယ်ပြောရမယ် ထမင်းကတော့ လိုသလောက်ထပ်တောင်းလို့ရတယ်
၃ ယောက်စာအတွက်ဆိုရင် အသားဟင်း ၃ မျိုးနဲ့ အသီးအရွက် ၃ မျိုး
၄ ယောက်စာအတွက်ဆိုရင် အသားဟင်း ၄ မျိုးနဲ့ အသီးအရွက် ၄ မျိုး
၅ ယောက်စာအတွက်ဆိုရင် အသားဟင်း ၄ မျိုးနဲ့ အသီးအရွက် ၅ မျိုး နဲ့
၁၀ ယောက်စာအတွက်ဆိုရင် အသားဟင်း ၇ မျိုးနဲ့ အသီးအရွက် ၇ မျိုးဆိုပြီး ကိုယ်သွားတဲ့လူပေါ်မူတည်ပြီး ရွေးမှာလို့ရတယ်
စကောထမင်းအပြင် နောက်ထပ်စားကောင်းတာလေးတွေဆိုရင်
သင်္ဘောသီးထောင်းကြော်/ ဂဏန်းမဆလာချက်/ မာလာရှမ်းကော/ ကိုးကန့်ဒန်ပေါက်/ သီးစုံမရောနိစ် တွေကတော့ တော်တော်လေးကောင်းပြီး သွားတိုင်းစားဖြစ်တဲ့ဟာလေးတွေပေါ့
အအေးအနေနဲ့ဆိုလည်း Soda / Fresh Juice အပြင် Beer လည်းရသေးတယ်တဲ့
Address : ကန်တော်ကြီး(ကရဝိတ်ဝင်ပေါက်)၊ မင်္ဂလာတောင်ညွှန့်မြို့နယ်
: အမှတ် ၁၂၈ ၊ သံသုမာလမ်း ၊ တောင်ဥက္ကလာပမြို့နယ်
: တိုက် ၂၁ ၊ အခန်း ၁ ၊ ၈၁ လမ်း ၊ နဝဒေးဥယျာဉ်အိမ်ရာ ၊ လှိုင်သာယာ
Opening Hour : 7:00 AM – 9:00 PM
Phone.No : 09961954520
Address : ရန်ကုန်-ပုသိမ်လမ်းမကြီး ၊ ပန်းတနော်မြို့နယ်
Opening Hour : 7:00 AM – 9:00 PM
Phone.No : 09954481999 / 09772719589
ဆိုင်ရဲ့ Profile အပြည့်အစုံကိုကြည့်ရန် Link
Spicy Pot
ဟော့ပေါ့နဲ့ မာလာရှမ်းကောကို ဘက်ဂျက်ခြွေပြီး စားချင်သူတွေဆိုရင် Spicy Pot က မဖြစ်မနေသွားစားကြည့်သင့်တဲ့ ဆိုင်လေးပါ

ဒီဆိုင်လေးက အဝစားဘူဖေးဆိုင်တော့ မဟုတ်ဘူး
Hot Pot မှာဆို ဟင်းရည်အရသာက အချို ၊ မာလာ ၊ တုံယမ်း ဆိုပြီး ၃ မျိုးရတယ် အရည်အတွက် ၁၃၀၀ ပဲပေးရတယ် အဝသောက်လို့ရတယ်
Item လေးတွေတော်တော်များများကိုက တုတ်လေးတွေနဲ့ထိုးထားပြီး တစ်မျိုးချင်းစီ ကိုယ်ကြိုက်တာရွေးစားရတာ
ဈေးနှုန်းကလည်း ၁၀၀ ကျပ်ကနေစပြီးရှိတာဆိုတော့ အမုန်းဆွဲလို့ရတယ်
မာလာရှမ်းကောအတွက်ဆိုရင်တော့ ကိုယ်တိုင်လုပ်ထားတဲ့ မာလာအနှစ်ကလုံးဝအသက်ပဲ
A la Carte ရော Set လိုက်ရော ၂ မျိုးလုံးစားလို့ရတယ် မာလာအနှစ်ဖိုးကတော့ ၁၂၀၀ ကျပ်ပဲပေးရတယ်
အသားတွေဆိုရင် တစ်ဗန်းမှ ၁၀၀၀ ကျပ်ပဲရှိတယ် USA အမဲသားလည်းရသေးတယ် တစ်ဗန်းမှ ၁၅၀၀ ကျပ်ပဲရယ် အသားတွေ Seafood တွေကတော့ တော်တော်လေးကို စုံစုံလင်လင်ရှိတယ်
မာလာရှမ်းကောကို Set လိုက်စားမယ်ဆိုရင်
ပုံမှန်တစ်ယောက်စာ Set ဆိုရင် ၅၀၀၀ ကျပ် နဲ့ ပင်လယ်စာ တစ်ယောက်စာ Set ဆိုရင် ၇၀၀၀ ကျပ်ပဲရယ်
နှစ်ယောက်စာ Set ဆိုရင်တော့ ၉၀၀၀ ကျပ်ပဲရှိတယ်
ပြီးတော့ Hot-dog ပူပူလေးလည်းရသေးတယ် အအေးမှာဆိုရင်တော့ Soft Drink လောက်ပဲရတယ်ဆိုပေမဲ့✌🏼 ဈေးတန်စားကောင်း ဘက်ဂျက်ကျလို့ မဖြစ်မနေသွားကြည့်သင့်နေပြီနော်
Spicy Pot
Stick Hotpot & Mala Xiang Guo
Address : အမှတ် ၉ ၊ ဓမ္မဝိဟာရလမ်း ၊ ကျားကွက်သစ်ရပ်ကွက် ( ကျောက်မြောင်းစတိုးအနီး ) ၊ ကျောက်မြောင်း ၊ တာမွေ
Opening Hour : 11:00 AM – 9:30 PM
Phone.No : 09 448 367 710
ဆိုင်ရဲ့ Profile အပြည့်အစုံကိုကြည့်ရန် Link
Chong Qing Grill Fish Myanmar
တရုတ်အစားအစာကို ရှယ်ဖြုတ်ချင်တဲ့သူတွေအတွက် လုံး၀ကွက်တိကျတဲ့ ဒီဆိုင်လေးက City Mall မှာရှိပြီး တရုတ်အစားအစာတွေအရမ်းကောင်းလို့ဆိုပြီး နာမည်ကြီးနေတဲ့ဆိုင်ပေါ့

စားလို့ကောင်းတာလေးတွေဆိုရင် မာလာအရသာနဲ့ကြော်ထားတဲ့ ကြက်သားတုံးခြောက်စပ်ကြော်၊ Bacon လေးတွေနဲ့ အာလူးနဲ့ရောထောင်းထားတဲ့ ဖွားဖွားကြီးအာလူးထောင်း၊ စီချွမ်ရဲ့ဟင်းနုနွယ်လေးတွေကို ဆားဘဲဥ၊ ဆေးဘဲဥလေးတွေနဲ့ ချက်ထားတဲ့ ဟင်းနုနွယ်ရွက်၊ဆားဘဲဥနှင့် ဆေးဘဲဥဟင်း တွေကတော့ မင်မင်ကြိုက်တဲ့ဟင်းပွဲတစ်ချို့ပေါ့
ပြီးတော့သူ့ဆိုင်မှာ အဓိက နာမည်ကြီးတဲ့ Signature တစ်ခုကတော့ ပူပူနွေးနွေအငွေ့တစ်ထောင်းထောင်းနဲ့ ရှယ်စားလို့ကောင်းတဲ့ Chong Qing Grilled Fish ပေါ့ ..သူ့မှာ ရွေးချယ်စရာ ငါးက ၄ မျိုးလောက်နဲ့ အရသာကလည်း ၇ မျိုးလောက်ရှိတယ်..ကိုယ်ကြိုက်တဲ့ငါးနဲ့အရည်အရသာကိုရွေးလိုက်ရုံပဲ Side Dish တွေထပ်ထည့်ပြီး စားချင်တယ်ဆိုလည်း ရသေး A La Carte style နဲ့ကြိုက်တာထပ်မှာလို့ရတယ်
Buffet စားချင်တယ်ဆိုလည်းရသေးတယ် တစ်ယောက်ကို 15800++ ပဲ (စားနိုင်ရင်တော့ ဘူဖေးကပိုတန်တယ်)
မတ်လ ၁၁ရက်နေ့ ကနေ ဧပြီလ ၁၁ ရက်နေ့အထိ ဘူဖေးကို ၄ ယောက်လာစားရင် ၃ ယောက်စာပဲပေးရမဲ့ Promotion လေးလည်းရှိသေးတယ်ဆိုတော့ တရုတ်အစားစာကောင်းကောင်း ကြိတ်ချင်သူတွေ အမြန်ဆုံးသွားစားသင့်နေပြီနော်
Chong Qing Grill Fish Myanmar
Address : Unit 01-22, 6, Pyay Road & Min Ye Kyaw Swar Road, Ground Floor, Inside City Mall St.John
Opening Hour : 11:30AM – 9:30PM
Phone.No : 09-952025000
ဆိုင်ရဲ့ Profile အပြည့်အစုံကိုကြည့်ရန် Link
Rangoon Indian Restaurant
ဒီဆိုင်လေးကတော့ သတ်သတ်လွတ်ချစ်တီးထမင်းကို ၁၅၀၀ ကျပ်ထဲနဲ့ အဝစားလို့ရတဲ့ဆိုင်ဆိုပြီးအစားသရဲတွေကြား တော်တော်လေးကိုမှ နာမည်ကြီးလူကြိုက်များနေတဲ့ဆိုင်လေးပါ

သတ်သတ်လွတ်စားရတယ်သာဆိုတယ် သီးစုံပဲကုလားဟင်းပျစ်ပျစ်မွှေးမွှေးလေးရယ်
အာလူး၊ ရုံးပတီသီး ၊ခရမ်းချဉ်သီးအနှစ်၊ မနုဿနီအရည်တွေအစုံပါတော့ သတ်သတ်လွတ်ဆိုသိပ်မစားတတ်တဲ့ မင်မင်တောင် တော်တော်လေးစားလို့မြိန်တယ်
ထမင်းတင်ပဲ အဝစားမဟုတ်ဘူး အဲ့ဒီဟင်းတွေအားလုံးပါ အဝစား စိတ်ကြိုက်ထပ်တောင်းလို့ရတယ်
သတ်သတ်မလွတ်ချင်လို့ အသားနဲ့စားချင်တယ်ဆိုလည်း အသားဟင်း/ ငါးဟင်းတွေထပ်မှာပြီးဆွဲလို့ရသေးတယ် ဟင်းတစ်ပွဲကို ၃၅၀၀ လောက်က စပြီးရှိတယ် ဈေးက ၃၅၀၀ လောက်ဆိုပေမဲ့ ဟင်းတစ်ပွဲကို ၂ ယောက်တော့ ဝဝလင်လင်ဆွဲလို့ရတယ်
ဒီဆိုင်ရောက်ရင် နောက်ထပ် မစားမဖြစ်စားသင့်တာလေးတွေက
အုန်းသီးကြက်သနီးရယ်၊ ခရမ်းချဉ်သီးအနှစ်လေးရယ်နဲ့ တို့စားရတဲ့ တော်တော်ရှည်ပြီးကြီးတဲ့ တိုရှည် (1000 Ks)
ငရုပ်သီးစိမ်း၊ ပူစီနံလေးနဲ့ဖျော်ထားတဲ့ Homemade အချဉ်လေးနဲ့တို့စားရတဲ့ အာလူးအပြည့်အသိပ်နဲ့ ဆမူဆာ(1500 Ks)
နောက်ပြီး ဒီဆိုင်က ပန်းသေးဆိုင်လို့ပြောလို့ရတယ် အိန္ဒိယအစားအစာနဲ့ ချစ်တီးထမင်း/ဟင်းပဲ သီးသန့်ရတာမဟုတ်ဘဲ တရုတ်နဲ့ ထိုင်းအစားအစာကောင်းကောင်းလေးတွေလည်း ရသေးတယ်
Delivery အနေနဲ့ဆိုရင် Foodpanda, O2O, Door2Door, Hi-So Mall နဲ့ Food Mall တို့နဲ့လည်းချိတ်ထားပါသေးတယ်တဲ့
Rangoon Indian Restaurant
Address : No.30, South Race Course Street, Tamwe Township, Yangon
Opening Hour : 7:00 Am – 9:00 Pm
Phone.No: 01401510
ဆိုင်ရဲ့ Profile အပြည့်အစုံကိုကြည့်ရန် Link
Categories: Articles
Leave a Reply