ကျန်းမာရေးနဲ့အညီ ချက်ပြုတ်နိုင်ဖို့ မီးဖိုချောင်ထဲမှာ သတိထားရမယ့် အချက် (၁၀) ချက်

Corona Virus က ဒီရက်ပိုင်းတွေမှာ အိမ်တွင်းအောင်းဖို့ ဖန်တီးပေးထားတယ်ဆိုတော့ အားလုံး ဟင်းချက်ကျွမ်းကျင်သူတွေဖြစ်နေကြပြီမလား…

ဒီအချိန်က ကျွန်တော်တို့လို စားဖိုမှူးပေါက်စလေးတွေနဲ့ အိမ်မှာ အခုမှမီးဖိုချောင်ကို စ၀င်တဲ့သူတွေအတွက် ဟင်းချက်ခြင်းအနုပညာအကြောင်းလေးတွေကို လေ့လာစမ်းသပ်နေတဲ့အချိန်လို့ထင်ပါတယ်။

ဒါကြောင့် အများစု သတိမထားမိတဲ့ မသိသေးတဲ့ မီးဖိုချောင်တွင်း မှားတတ်တဲ့အမှားလေးတွေကို သတိထားလို့ရအောင်နှင့် ကျန်းမာရေးနှင့်အညီ ကိုယ့်အိမ်ကမီးဖိုချောင်လေးကို အသုံးပြုနိုင်အောင် စုစည်းပြီးတင်ပေးလိုက်ပါတယ်နော်…


1) အသား/ ငါးများအား ဆေးကြောခြင်း

တကယ်တော့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ အသား/ငါးတွေကို ဆေးကြောကြတာမလား? တကယ်တော့ အဲ့ဒီလိုမျိုး ဆေးကြောခြင်းက ဘက်တီးရီးယားတွေ ပိုပြီးပြန့်ပွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဆေးထားတဲ့ရေတွေက ပန်းကန်တွေ / အ၀တ်အစားတွေ နဲ့ မီးဖိုချောင်မျက်နှာပြင်ကို လာဆင်နိုင်လို့ပါ။ အဲ့လိုမျိုးနဲ့ ဘက်တီးရီးယားတွေဟာ ပြန့်သွားနိုင်ပါတယ်။

အကယ်၍ သေသေချာချာ ချက်ပြုတ်မယ်ဆိုရင် မီးအပူရှိန်ဟာ ရောဂါဖြစ်စေနိုင်တဲ့ပိုးတွေနဲ့ အစာအဆိပ်ဖြစ်စေနိုင်တဲ့ပိုးတွေကိုသတ်ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် အသား/ငါးပေါ်မှာ ဖုန်တွေ အညစ်အကြေးတွေနဲ့ သွေးတွေ ပေမနေဘူးဆိုရင် အသား/ငါးတွေကိုရေဆေးတဲ့ အဆင့်ကို ကျော်လိုက်လို့ရပါတယ်ဆိုပြီး သိပ္ပံနည်းကျကျ အတည်ပြုထားပါတယ်။

သို့ပေမဲ့လည်း အသားတွေကို စိုစွတ်တဲ့ဈေး ဒါမှမဟုတ် သန့်ရှင်းမှုကောင်းကောင်းမရှိတဲ့နေရာတွေကနေ ၀ယ်လာခဲ့မယ်ဆိုရင်တော့ မြင်ရတဲ့အညစ်အကြေးတွေ၊ ဖုန်တွေနဲ့ သွေးတွေကိုတော့ ဆေးကြောနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုဆေးကြောတဲ့အခါ ဘက်တီးရီးယားတွေ မပြန့်စေဖို့ တစ်ခြားဟင်းချက်ပစ္စည်းတွေ/ မီးဖိုချောင်သုံးပစ္စည်းတွေကို အဝေးမှာထားထားဖို့ သေချာပေါက်လိုအပ်ပါတယ်။


2) ကြက်ဥ/ ဘဲဥများအားဆေးကြောခြင်း

ကြက်ဥ/ ဘဲဥတွေဆိုတာလည်း ဆေးကြောစရာမလိုဘဲ နဂိုအတိုင်းထားရမယ့်အရာပါပဲ။ ပရိုတင်းဓာတ်ပြည့်ဝနေတဲ့ ဥတွေဟာ အစာအဆိပ်သင့်စေတဲ့ပိုးတွေ/ ဘက်တီးရီးယားတွေ အခွံကနေတစ်ဆင့် ထိုးဖောက်ဝင်ရောက်မလာနိုင်အောင် သဘာဝအတိုင်း ကာကွယ်ဖုံးအုပ်ပေးထားပါတယ်။ အဲ့ဒီတော့ ကြက်ဥ/ ဘဲဥတွေကို ဆေးကြောလိုက်မယ်ဆိုရင် ကာကွယ်‌ပေးနိုင်တဲ့ အလွှာကို ဖယ်ရှားလိုက်သလိုဖြစ်ပြီး ဥတွေရဲ့အတွင်းပိုင်းဟာလည်း ရောဂါပိုးမွှားတွေနဲ့ မသန်းရှင်းမှုတွေဖြစ်စေပါတယ်။

အကယ်၍ ကြက်ဥမှာ အညစ်အကြေးတွေ ဖုန်တွေပေနေတာကို မြင်ရလို့ ဆေးကြောသန့်စင်ချင်တယ်ဆိုရင်တော့ ကြက်ဥကို ချက်စားဖို့ မခွဲခင်အချိန်မှသာ ဆေးကြောရပါမယ်။

နောက်ထပ် အငြင်းပွားစရာခေါင်းစဉ်တစ်ခုကတော့ ကြက်ဥတွေကို အအေးခန်းထဲမှာပဲထားသင့်လားဆိုတာပါပဲ။ ဒီအဖြေကတော့ ကိုယ်စားသုံးတဲ့ကြက်ဥတွေဟာ ဘယ်ကနေရရှိတယ်ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမဲ့ စင်ကာပူနိုင်ငံမှာတော့ ဘက်တီးရီးယားတိုးပွားမှုကိုလျော့ချရန် ရေခဲသေတ္တာထဲမှာပဲ အအေးခံထားဖို့ အကြံပြုထားပါတယ်။


3) စိုစွတ်နေတဲ့ ဟင်းသီးဟင်းရွက်တွေကို ဆီအပြည့်နှင့် ဒယ်အိုးထဲထည့်ကြော်ခြင်း

အသီးအရွက်တွေကတော့ အမှန်တကယ်ကိုဆေးကြောသင့်ပါတယ်။ ဒါပေမဲ့ လူအတော်များများ မှားတတ်ကြတာရှိပါတယ်။ အဲ့ဒါကဘာလဲဆိုရင် အစိမ်းရောင်အသီးအနှံတွေကို ရေတွေဆေးပြီးတဲ့အခါ ချက်ချင်းဆီပူအိုးထဲထည့်ကြော်လိုက်တာပါပဲ။ နူးအိအောင် ဆီပူထိုးရပြီး အရသာကောင်းတဲ့ ကြွပ်ကြွပ်ရွရွလေးတွေဖြစ်ရမဲ့အစား အစိုဓာတ်ဟာ စွပ်ပြုတ်တစ်ခွက်အဖြစ်သို့ပြောင်းသွားစေပါတယ်။ အပေါ်ယံမှာလည်း တော်တော်များများသိတဲ့အတိုင်း ဆီနဲ့ရေနဲ့ဟာရောမသွားတဲ့အပြင် မစဉ်စေချင်တဲ့ဆီတွေကလည်း နေရာအနှံ့ကိုစဉ်ပါတယ်။

Gordan Ramsay လိုမျိုး ဒယ်အိုးထဲမှာ အသီးအရွက်တွေကို စမလှန်ခင် အနည်းဆုံးတော့ ရေစစ်နဲ့စစ်ပြီး ခြောက်သွေ့နေရပါမယ်။ အချိန်ကုန်သက်သာချင်တယ်ဆိုရင်တော့ အသီးအရွက်တွေကို ရေစစ်အခြောက်ခံပေးတဲ့ဟာမျိုး ဝယ်ထားလို့ရပါတယ်။


4) အသားများကို ကြာရှည်စွာအေးခဲထားခြင်း

ငယ်ငယ်တုန်းက အမေက “ကြက်သားကိုထုတ်ထားလိုက်နော်” လို့ပြောပြီး အမေပြန်လာတဲ့အခါ မေ့ပြီးမထုတ်ထားမိလို့ လန့်နေရတဲ့ အခိုက်အတန့်လေးတွေကို မှတ်မိလိမ့်မယ်လို့ထင်တယ်။ ဘယ်အသားကမှ အခန်းအပူချိန်ထဲမှာ ၂ နာရီထက်ကျော်အောင် ထားတဲ့ရင် မကောင်းဘဲ အန္တရာယ်ဖြစ်စေနိုင်လို့ “ထုတ်ထားလိုက်” လို့ မဆိုလိုသင့်ပါဘူး။

ညဘက်မှာ အသားတွေကို အေးခဲထားချင်တယ်ဆိုရင် မနက်မှာ အသားတွေခဲဖို့ ရေခဲသေတ္တာထဲထည့်ထားပါ။ ဒါမှမဟုတ် အေးခဲနေတဲ့အသားတွေကို ထုတ်ပြီးချက်မယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ အသားထည့်ထားတဲ့ အိတ်ကို ရေထဲမှာ ၁ နာရီလောက်စိမ်ထားထားစာ ခဲနေတာတွေကို ပျော်သွားစေပါတယ်။ ၁ နာရီလောက်စောင့်ရတာ အရမ်းကြာတယ်ဆိုရင်လည်း အဲ့ဒီခဲနေတာတွေကို Microwave ထဲထည့်လိုက်လို့ရပါတယ်။


5) ဒယ်အိုးထဲမှာပြည့်ကျပ်နေခြင်း

အသား/ အသီးအရွက်နဲ့ မုန့်တွေဖုတ်တာကအစ အိုးထဲမှာ ကျပ်သိပ်ပြီး ချက်မယ်ဆိုရင် ကိုယ်တကယ်လိုချင်တဲ့ ရလာဒ်တစ်ခု အရသာတစ်ခု ရလာမှာမဟုတ်ပါဘူး။ အချိန်ကုန်သက်သာပါတယ်ဆိုပြီး ကြက်သားချောင်းကြော်လိုမျိုးကို အိုးထဲအများကြီးတစ်ခါတည်း ထည့်ကြော်လိုက်မယ်ဆိုရင်တော့ အညိုရောင်လေးသန်းပြီး အပေါ်ယံကြွပ်ကြွပ်ရွရွဖြစ်တာမျိုးတွေ ရနိုင်တော့မှာမဟုတ်ပါဘူးး။

ချက်ပြုတ်တယ်ဆိုတာက အသားမှာရှိနေတဲ့ အစိုဓာတ်တွေကို ဖယ်ထုတ်ပေးတာဖြစ်ပါတယ်။ အိုးထဲမှာ အပြည့်အသိပ် ကြော်လှော်ချက်ပြုတ်မယ်ဆိုရင် အသားမှာရှိတဲ့ အစိုဓာတ်တွေက အငွေ့မပြန်ဘဲ စိုစွတ်နေတတ်လို့ ကြော်မဲ့အစား ပြုတ်လိုက်တာ ပိုအဆင်ပြေပါတယ်။

အသီးအရွက်တွေဆိုလည်း အဲ့လိုပါပဲ။ ချွေးတွေအကျများပြီး ‌နောက်ဆုံးမှာတော့ စိုစွတ်စွတ်ကြီးဖြစ်သွားမှာပါ။ ပြီးတော့ ဒါဟာ အရာအားလုံးကို ညီမျှစွာချက်ပြုတ်နိုင်တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ လူတွေဟာ တင်းတင်းကျပ်ကျပ်နဲ့ ပူလောင်နေတဲ့ နေရာတစ်ခုမှာ မနေချင်ကြသလိုမျိုးပါပဲ၊ အစားသောက်တွေကိုလည်း အသက်ရှူချောင်စေအောင် ချက်ပြုတ်ရပါမယ်။


6) ချက်သမျှဟင်းတိုင်းအတွက် ဆီတစ်မျိုးထဲအသုံးပြုခြင်း

မီးဖိုချောင်ထဲမှာဆိုရင် ဆီက ထုံးစံအတိုင်း တစ်မျိုးပဲရှိကြပါတယ်။ ပြီးတော့Supermarket တွေသွားရင်လည်း ဆီအမျိုးအစားအများကြီးတွေထဲက ရွေးချယ်မဝယ်ယူကြပါဘူး။ ဒီကွဲပြားခြားနားချက်တွေရဲ့အလွန်မှာ “သံလွင်ဆီက အဆီအစိမ့်များပြီးဝစေတယ်” ၊ “ဟင်းရွက်ဆီကတော့ ကျန်းမာရေးနဲ့ညီညွတ်ပုံရတယ်” ဆိုတာမျိုးတွေ ရှိကြပါတယ်။

သံလွင်ဆီ ၊ ဟင်းရွက်ဆီ ၊ ပြည့်ဝဆီ ၊ အုန်းဆီတို့လိုမျိုး ဆီအမျိုးအစားအများကြီးတိုင်းမှာ smoke points လို့ခေါ်တဲ့ မတူညီတဲ့ အပူချိန်တွေနဲ့ ချက်လုပ်ထားတဲ့ တွေဟာလည်း မတူညီကြပါဘူး။ ဆီအမျိုးအစားတိုင်းရဲ့ကြောင်းကို မပြောပြပေးနိုင်ပေမဲ့ အသုံးများတဲ့ ဆီတစ်ချို့အကြောင်းတော့ပြောပြ အောက်မှာပြောပြပါမယ်။

Vegetable Oil ကတော့ Smoke Point အမြင့်ဆုံးပါ။ ဆီများများနဲ့ကြော်တာမျိုးတွေနဲ့ အပူများများနဲ့ မီးပူပူချက်ရတာမျိုးလိုချင်ရင် ဟင်းရွက်ဆီကကောင်းပါတယ်။

Olive Oil ရဲ့ Smoke Point ကတော့ အလယ်အလတ်ပါပဲ။ သာမန်အကြော်အလှော်မျိုးတွေနဲ့ ဘက်စုံသုံးအတွက်ဆိုရင်တော့ သံလွင်ဆီကကောင်းပါတယ်။

Extra Virgin Oil ကတော့ Smoke Point အနည်းဆုံးပါနဲ့ အရသာအများကြီးရှိပါတယ်။ ဒါပေမဲ့ အပူချိန်များများနဲ့ ချက်ပြုတ်ချက်ပြုတ်ရင်တောါ့ အနံ့အရသာတွေပျောက်သွားပါတယ်။


7) စဉ့်နှီတုန်းကို ဟင်းချက်ပစ္စည်းမျိုးစုံအတွက်အသုံးပြုခြင်း

အသီးအရွက်တွေနဲ့ အသား/ငါးတွေကို စဉ့်နှီတုန်းတစ်ခုထဲသုံးပြီး လှီးဖြတ်တာတွေဟာ ဘက်တီးရီးယားတွေ ကူးစက်ပျံ့ပွားနိုင်မှု အရမ်းများပါတယ်။ ယေဘုယျအားဖြင့်တော့ မီးဖိုချောင်ထဲမှာ အသား/ငါး အစိမ်းတွေလှီးဖို့ ၁ ခု/ ချက်ပြီးသားတွေ၊ အသင့်စားတွေနဲ့ အသီးအရွက်တွေ လှီးဖို့ ၁ ခုဆိုပြီး အနည်းဆုံး စဉ့်နှီတုန်း ၂ ခုလောက်တော့ ထားရှိရပါမယ်။

“ဆေးကြောသန့်စင်ပြီးပြန်သုံးမယ်ဆိုရင်ရော မရဘူးလား” ဆိုတဲ့ မေးခွန်းအတွက်ကတော့ ဘက်တီးရီးယားတွေအများကြီးက အဲ့ဒီပစ္စည်းတွေရဲ့အောက်မှာ ပုန်းကွယ်နေနိုင်တာကို သိသွားရင် အံ့ဩစရာတွေအများကြီးဖြစ်လာနိင်ပါတယ်။ အဲ့အတွက် အန္တရာယ်ကို ကြိုပြီးကာကွယ်ထားတာက အကောင်းဆုံးပါ။


8) အေးခဲနေတဲ့အသားတွေကို ရေခဲသေတ္တာထဲကနေ ထုတ်ပြီးပြီးချင်း တန်းချက်ပြုတ်ခြင်း

ဒီလိုမျိုး အေးခဲနေတဲ့ အသားတွေကို တန်းပြီးချက်ပြုတ်လိုက်မယ်ဆိုရင် အသားတွေက တစ်နေရာက ကျက်ပြီး တစ်နေရာက မကျက်သေးဘူး/ အပြင်ပိုင်းတော့ ကျက်နေပြီး အတွင်းပိုင်းမှာတော့ လိုနေသေးတယ် စသည်ဖြင့် မကျက်မညီတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီဟာကို ဖြေရှင်းဖို့အတွက်ဆိုရင် အသား/ငါးတွေကို ရေခဲသေတ္တာထဲကနေထုတ်ပြီးရင် အပြင်မှာ ၁၅ မိနစ် / မိနစ် ၂၀ လောက် ထားလိုက်ပါ။


9) ဓားတွေကို ပုံမှန်မသွေးခြင်း

တကယ်တော့ တုံးနေတဲ့ဓားတွေဟာ လှီးဖြတ်တဲ့အခါမှာ အားကိုပိုပြီးအသုံးပြုရတဲ့အတွက် ထက်နေတဲ့ဓားတွေထက် ပိုပြီး အန္တရာယ်များပြီး ဒဏ်ရာရနိုင်ပါတယ်။

ဓားသွေးတဲ့ပစ္စည်းတွေက တကယ်တော့ မီးဖိုချောင်အတွက် အမှန်တကယ်လိုအပ်တဲ့အရာပါ။ ကြီးကြီးကျယ်ကျယ် ဓားသွေးပစ္စည်းတွေမလိုပါဘူး။ ရိုးရိုးဓားသွေးချောင်းတစ်ခု ၊ ခွက်တစ်ခုရဲ့အောက်ခြေ ဒါမှမဟုတ် ကြွေပန်းကန်လုံးတစ်လုံးနဲ့လည်း ဓားသွေးလို့ရပါတယ်။

ဓားကို အရောင်မှိန်မသွားအောင် စနစ်တကျ သိမ်းဖို့လည်း မမေ့သင့်ပါဘူး။ သီးသန့်အံဆွဲတစ်ခုထဲမှာ သိမ်းတာပဲဖြစ်ဖြစ် သံလိုက်ချောင်းနဲ့သင့်တော်တဲ့တစ်နေရာမှာ ကပ်ထားခြင်းအားဖြင့် သိမ်းထားလို့ရပါတယ်။


10) ပန်းကန်ဆေးရေမြှုပ်ဖော့တွေ/ မီဖိုချောင်သုံးအဝတ်စတွေကို မကြာခဏ မဆေးကြောခြင်း

ပန်းကန်ဆေးရေမြှုပ်ဖော့တွေ/ မီဖိုချောင်သုံးအဝတ်စတွေမှာ ဘက်တီးရီးယားတွေ ဘယ်လောက်များ ပုံးခိုနေမလဲဆိုတာ စဉ်းစားကြည့်ပါ။ သန့်ရှင်းရေးတွေလုပ်ပြီးတဲ့အခါ မီးဖိုချောင်အတွက်လိုအပ်တဲ့ ဒီလိုအရာမျိုးတွေကိုပါ သန့်စင်ဖို့ မေ့တတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သန့်ရှင်းရေးတိုင်းကို ဒီဖော့တွေ အဝတ်တွေနဲ့ပဲ လုပ်ကြတာကြောင့် မေ့မေ့လျော့လျော့ ဖြစ်နေတတ်ပါတယ်။

ရေမြှုပ်ဖော့မှာရှိတဲ့ ရေဒီယိုဓာတ်ကြွပစ္စည်းတွေ / ပိုးမွှားတွေကို ဖယ်ရှားပစ်ဖို့ဆိုရင် ရေနွေးပူပူထဲမှာ ၅ မိနစ်လောက်ထည့်ပြုတ်လို့ရသလို Microwave ထဲ ၂ မိနစ်လောက်ထည့်လိုက်လို့ရပါတယ်။ အဝတ်စတွေကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင်တော့ လက်နဲ့လျှော်လိုက်တာပဲဖြစ်ဖြစ် အဝတ်လျှော်စက်ထဲဖြစ်ဖြစ် ထည့်လျှော်လို့ရပါတယ်။ သုံးစွဲလို့မရလောက်အောင် ဟောင်းနွမ်းနေပြီဆိုရင်တော့ အသစ်တစ်ခု ထုတ်သုံးလိုက်တာပိုကောင်းပါတယ်။

ဒီလိုမျိုး မှားတတ်တဲ့အမှားတွေကိုသိသွားပြီဆိုတော့ ရှေ့လျှောက် ဒီအမှာတွေကိုပြင်ဆင်လေ့လာပြီး ချက်ပြုတ်ဖို့ နောက်မကျသေးပါဘူး။ မီးဖိုချောင်ထဲမှာ ကျွမ်းကျွမ်းကျင်ကျင် အန္တရာယ်ကင်းကင်းနဲ့ နဲ့ ဟင်းလျာတွေကို အကောင်းဆုံးချက်ပြုတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။




Categories: Articles

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: