ကိုယ်ခံအားလည်းကောင်း .. ထမင်းမြိန်စေမဲ့ ကြက်သားဗူးသီးစပါးလင် ဟင်းချက်နည်း လေးတင်ပေးလိုက်မယ်နော်..
ပါဝင်ပစ္စည်းများ
– ကြက်သား ( ရင်ပုံ / ပေါင် / ခြေထောက် နှစ်သက်ရာ )
– ဗူးသီး ( နုနုလေးဆိုပိုချိုမြိန်ပါတယ် )
– စပါးလင် ( အနည်းငယ်ကြေအောင် ထုထားပါ )
– ရှမ်းနံနံ ( လှီးဖြတ်ထားပါ )
– ဂျင်း ( အနည်းငယ်ထောင်းထားပေးပါ )
ငရုတ်သီးအတောင့်ရှည် ( ၂ ခြမ်းခွဲထားပါ )
နနွင်း, ဆား, သကြား, ဟင်းခပ်မှုန့် , ငံပြာရည် , ဆီ , ငရုပ်သီးအစိမ်းမှုန့် တို့ပါဝင်ပါတယ် ..
ဟင်းချက်နည်း
- ကြက်သားကို ရေစင်အောင်ဆေးကြောပြီး ( နနွင်း, ဆား, သကြား, ဟင်းခပ်မှုန့် ) တို့ဖြင့်ရောနယ်ထားပါ ။
- ဒယ်အိုးထဲကို ဆီ အနည်းငယ်ထည့်ပြီး အပူပေးထားပါ ။
- အနည်းငယ် အပူချိန်ရလာပြီဆိုရင်တော့ ကြက်သွန်ဖြူ / နီ ( တစ်ပြားရိုက် ) / နနွင်းမှုန့် , ငရုတ်သီးအစိမ်းမှုန့် တို့ကို ရောထည့်ပြီး ဆီသတ်ပါ ။ ( ညှော်နံအနည်းငယ်ပြင်းပါတယ် )
- ထို့နောက် အရသာနယ်ထားတဲ့ ကြက်သားတုံးများကို ထည့်ပြီး လုံးချက်ရောမွှေပေးပါ ။
- စပါးလင်ကို တစ်ခါတည်း ထည့်၍ မွှေပေးပြီး ရေထည့်၍ အုပ်ထားပေးပါ ။
- ကြက်သား နူးလောက်ပြီဆိုမှ အနေတော်တုံးထားတဲ့ ဗူးသီး နုနုလေးများကို ထည့်ပါ ။
- နောက်ဆုံးမှ အရသာ ( အပေါ့ / အငံ ) အတွက်ငံပြာရည် , သကြား , ဟင်းခပ်အရသာမှုန့် ထည့်မွှေပြီး အုပ်ထားပေးပါ ။
( ငရုတ်သီး / ဂျင်း / ရှမ်းနံနံ တို့ကို မီးအနည်းငယ်လျော့၍ ထည့်ပေးပါ ။)
- ကြက်သား / ဗူးသီး နူးအိရင်တော့စပါးလင်နံသင်းသင်းနဲ့ ထမင်းမြိနိစေတဲ့ ဟင်းကောင်းတခွက်ကိုရပါပြီနော် ..
Categories: Articles
Leave a Reply