ရှူးရှဲရေဘဝဲသုပ်လေးကို Stay at Home ရင်း လုပ်စားလို့ရအောင် ချက်ပြုတ်နည်းလေးတင်ပေးလိုက်မယ်နော်
ရေဘဝဲရခိုင်သုပ် အတွက်ပါဝင်ပစ္စည်းများ
ရေဘဝဲ ( မိမိကြိုကက်နှစ်သက်သည့် အရွယ်အစား / အကောင်ရေ )
ငရုတ်သီးတောင့်
ကြက်သွန်ဖြူ / နီ
စိမ်းစားငါးပိ
သကြား
သံပရာသီး
ခရမ်းချဉ်သီး
ရှောက်ရွက် ( သို့ ) နံနံပင်
ဆား
ချက်ပြုတ် ပြုလုပ်နည်း
- ရေဘဝဲကို ရေစင်အောင်ဆေးကြောပြီး .. ဆား ၊ အချဉ်သံပုရာသီး ညှစ်ထည့်ပြီး အချိန်အနည်းငယ် ( ၃ မိနစ်ခန့် ) ပြုတ်ပေးပါ။
ပြီးရင် ပြန်ဆယ်အအေးခံပြီး စားချင်တဲ့အနေအထား အတိုင်း လှီးဖြတ်ထားရပါမယ် ။
- နွှာပြီးသား ကြက်သွန်ဖြူ နှင့် ငရုတ်သီးတောင့် တို့ကို အိုးပူပူထဲမှာ ထည့်၍ လှော်ပေးပါ။
( အစပ်ပမာဏကတော့ မိမိလိုအပ်သလောက်ထည့်လို့ရပါတယ်နော် )
- လှော်ပြီးသား ကြက်သွန်ဖြူ / ငရုပ်သီး တို့ကို စိမ်းစားငါးပိ နှင့်ရောပြီး ညက်အောင်ထောင်းပေးပါ။
- ခရမ်းချဉ်သီး၊ ကြက်သွန်နီ နှင့် ရှောက်ရွက် ( သို့ ) နံနံပင် တို့ကို ပါးပါးလှီးပြီး အသင့်ရှိနေတဲ့ ရေဘဝဲ ထည့်ထားသော ပန်းကန်ထဲ ရောထည့်ပါ ။
နောက်ဆုံးမှ ထောင်းထားတဲ့ ငရုပ်သီးအနှစ် / သံပရာရည် / သကြား တို့ကိုထည့်ပြီး ရောနယ်၍ သုပ်စားလို့ရပါပြီနော် ..
အပြင်မထွက်ဘဲ အိမ်မှာ လုပ်စားကြည့်ရအောင်နော်
Categories: Articles
Leave a Reply