ဟင်းတစ်ခွက်ထဲနဲ့ ထမင်းမြိန်စေမယ့် ချဉ်ချဉ်စပ်စပ်ကြက်သားငပိချက် ချက်နည်း

” ထမင်းမြိန်စေတဲ့ ဟင်းကောင်းတစ်ခွက်ကို အတင်းလာလာမေးလို့ ” 
 ချက်နည်းလေး ပြောပြလိုက်မယ် .. ဆက်ရှိုးလိုက်

အခုအချိန်မှာ အစားကောင်းကောင်းစားနိုင်မှအားရှိမှာဆိုတော့ ထမင်းမြိန်စေတဲ့ ချဉ်ငံစပ်အရသာ ကြက်သားငါးပိချက် ချက်ပြုတ်နည်းလေး‌ပြောပြမယ်.. 

ကြက်သားငပိချက်ရဲ့ ပါဝင်ပစ္စည်းများ

– ကြက်သား
– မျှင်ငပိ
– ကြက်သွန်ဖြူ
– ကြက်သွန်နီ
– ဂျင်း
– ကြက်သားမှုန့်
– နနွင်းမှုန့်
– ငရုတ်သီးစိမ်း
– နံနံပင် ( သို့မဟုတ် ) ရှားနံနံပင်
– ဆီ

ချက်ပြုတ်နည်းအဆင့်ဆင့်

  • ကြက်သားကို ရေဆေးသန့်စင်ပြီးလျှင် လက် ၂ ဆစ်အရွယ် သော်လည်းကောင်း ၊ နုပ်နုပ်စင်း သော်လည်းကောင်း တုံးထား၍ ကြက်သားမှုန့်၊ နနွင်းမှုန့် တို့ဖြင့် ရောနယ်ထားပါ။
  • ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း တို့ကို ငရုပ်ကျည်ပွေ့ထဲ ထည့်၍ထောင်းထားပါ

ပြီးရင် ..ဒယ်အိုးထဲဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ရောထောင်းထားတာကို ထည့်၍ ဆီသတ်ပေးပါ။

  • ဆီသတ်ထားတာ အနံ့မွှေးလာပြီဆိုရင် မျှင်ငပိထည့်ပြီး ငရုတ်သီးစိမ်းတွေကိုလည်း ပါးပါး‌လေး လှီးထည့်ရပါမယ် ။
  • ထို့နောက် ငပိအနံ့ထွက်လာပြီဆိုရင်တော့ အရသာ နှံ့နေအောင်နယ်ထားတဲ့ ကြက်သားကိုထည့်ပြီး လုံးချက် ချက်ပေးထားပါ။
  • အဖုံးဖွင့်ပြီး မိနစ် အနည်းငယ်ကြာ ဟင်းခပ်ဇွန်းဖြင့် လှိမ့်မွှေပေးပါ ..
    ပြီးရင်တော့ အဖုံးအုပ်၍ ဆီပြန်တဲ့အထိ ချက်ပေးရပါမယ် ..
  • နောက်ဆုံးမှာ နံနံပင် ( သို့မဟုတ် ) ရှားနံနံလေး အပေါ်ယံက ဖြူးလိုက်ရင် ထမင်းမြိန်စေတဲ့ ချဉ်ငံစပ် ကြက်သားငပိချက်လေးကိုရပါပြီနော် ..။

တို့စရာအတွက်က .. 
ချဉ်ဖက် / သရက်သီးစိမ်း / ‌သခွားသီး / ခရမ်းကြွပ်သီး / ရုံးပတေသီး / ပဲတောင့်ရှည် ( ရေနွေးဖျော ) / စသည်တို့ဖြင့် လိုက်ဖက်ပါတယ်…



Categories: Articles

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: