အိမ်မှာနေရင်း မိသားစုနဲ့အတူအလွယ်တကူ ချက်ပြုတ်လို့ရမယ့် ပူပူစပ်စပ်မာလာဟင်းချက်နည်း

ပူပူစပ်စပ်မာလာဟင်း ချက်စားပြီး ” အိမ်မှာနေကြရအောင် ” ချက်နည်းလေးတင်ပေးလိုက်မယ်နော် ..

ပါဝင်ပစ္စည်းများ

ဟင်းသီးဟင်းရွက် အစုံထည့်လို့ရတဲ့ အပြင်
( ဂေါ်ဒခါးညွှန့် / ပဲ‌စောင်းသီး / မုန့်ညှင်းစိမ်း / ‌‌ပန်းဂေါ်ဖီ / ဂေါ်ဖီစိမ်း / ရုံးပတေသီး / မုန်လာဥနီ တို့နဲ့လည်းလိုက်ဖက်ပါတယ် )

အဓိကလိုအပ်တာလေးတွေက …

– ကြာစွယ်
– မာလာခေါက်ဆွဲ
– ကြွက်နားရွက်မှို
– ပဲပြား
စသည်တို့ကမပါမဖြစ် ထည့်ရပါမယ်နော် ..


ချက်ပြုတ်နည်း

ပထမဆုံး မာလာဟင်းအနှစ် အရင်ချက်ရပါမယ် ..
မာလာဟင်းအနှစ်ထုပ် – ၁ထုပ်
( City Mart / Mini Mart / ကုန်ခြောက်ဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ် )ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တဝက်


မာလာဟင်းချက်ရာတွင် ပါဝင်ပစ္စည်းများ

ကြက်သားချောင်း – ၂ချောင်း (စောင်း‌စောင်း‌လေး လှီးဖြတ်ပါ)

အသားထည့်ချင်လျင် .. အရင်ဆုံးပြုတ်ပြီး ထည့်ပါ ။

မာလာခေါက်ဆွဲ ၂မျိုး (သို့) ၃မျိုး – ၅၀ဂရမ်
(မာလာခေါက်ဆွဲ အဖြူ၊ အညို ၊ အစိမ်း ဆိုပြီး ၃မျိုးရှိတဲ့ အထဲမှ မိမိကြိုက်နှစ်သက်ရာ ၂မျိုးဖြစ်စေ၊ ၃မျိုးလုံးဖြစ်စေ ထည့်နိုင်သည်)


 မာလာခေါက်ဆွဲ ပြင်ဆင်နည်း 

၁။ အရင်ဆုံး  မာလာခေါက်ဆွဲ ( ၃ )မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို ရေ ( ၁၀မိနစ်ခန့် ) စိမ်ထားရပါမယ် ။

၂။ ခေါက်ဆွဲ ( အညို ) နှင့် ခေါက်ဆွဲ( အဖြူ )ကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် သက်သက်စီဖယ်ထားပြီး ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။

၃။ ပြုတ်ပြီးလျှင် ပြန်အအေးခံပြီး ဇကာဖြင့် ပြန်ဆယ်ထားပေးရပါမယ် ။


မာလာဟင်းချက်နည်း 

 ၁။ ပထမဦးစွာ ဒယ်အိုးထဲ ဆီ ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို ဆီသပ်ပေးပါ။ 

၂။ ပြီးလျှင်  ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး မာလာဟင်းအနှစ်ထုပ် ( ၅ပုံ / ၄ပုံ ) ထည့်ပေးပြီး ရေ ( သောက်ရေခွက် ၃ခွက် ) ခန့်ထည့်ပါ။

၃။ ဟင်းအရသာအတွက်  ( ငါးငံပြာရည် ၊ ကြက်သားမှုန့် ၊ သကြား ) တို့ကို ထည့်ပြီး ဆူလာသည်အထိ တည်ထားပေးပါ ။

၄။ မာလာဟင်းရည် ဆူလာလျှင် ကြက်သားချောင်း၊ ငါးသားလုံး၊ မုန်လာဥနီ၊ ကြာစွယ် ပြုတ်ထားတာတွေကို အရင်ထည့်ပြီး ၁ မိနစ်ခန့် တည်ထားပါ ။

၅။ ပြီးမှ အနူးလွယ်သော ( ပဲပြား၊ ရွှေပဲသီး ) တို့ကို ထည့်ပြီး ⏱️ မိနစ်အနည်းငယ် ထပ်တည်ထားပါ။

၆။ ပြီးနောက် ကန်စွန်းရွက်၊ မုန့်ညှင်းစိမ်း၊ ခေါက်ဆွဲ၊ မြေပဲထောင်း တို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

ရ။ ရေအနည်းငယ်ကျန်ပြီး အရသာအပေါ့အငံ အနေတော်ပြီဆိုလျှင် အပေါ်မှ  ကြက်သွန်မြိတ်၊ နှမ်းဆီ ၊ နှမ်း တို့ကို ဖြူးပြီး မီးပိတ်ပြီး စားသုံးလို့ရပါပြီ ။

ကဲ .. မာလာဟင်း ထိထိမိမိ ပူစပ်လေးကို အရသာရှိစွာ ထမင်းဖြင့်ဖြစ်‌စေ တွဲဖက် သုံးဆောင်နိုင်ပါပြီ နော် 



Categories: Articles

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: