ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရဖြစ်စေယ့် ဂျင်းကြက်သားစွတ်ပြုတ်ရည် ချက်နည်း

ဒီလိုအချိန်မှာ ကိုယ်ခံအားကောင်းအောင်နေခြင်းကသာ ကြိုတင်ကာကွယ်ခြင်းဖြစ်တာဆိုတော့ ..
အိမ်မှာနေရင်း ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူကြီး / ကလေးသူငယ် တွေ အာဟာရပြည့် အားရှိစေတဲ့ ” ဂျင်းကြက်သားစွပ်ပြုတ်ရည် ” ချက်နည်းလေး တင်ပေးလိုက်မယ်နော်

ပါဝင်ပစ္စည်းများ

ကဲ .. ပါဝင်ပစ္စည်းလေးတွေ အရင်ဆုံးကြည့်ရအောင်

– ကြက်သား

– ဂျင်း

– နံနံပင် အနည်းငယ်

– ကြက်သွန်မြိတ်

– ကြက်သွန်နီ / ကြက်သွန်ဖြူ

– မုန်လာဥနီ ( သို့မဟုတ် ) မုန်လာဥဖြူ

– ဆီအနည်းငယ်

– ဆား

– ရွေပဲသီး


ချက်ပြုတ်နည်း


၁။ ပထမဆုံး အိုးထဲကို ဆီအနည်းငယ် ထည့်ပြီး အပူပေးပါ ..
ပြီးနောက် ဂျင်း ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တစ်ပြားရိုက် တို့ကိုထည့်ပြီး ဆီသတ်ပါ ။

၂။ ဆီသတ် အနံ့မွှေးလာရင် ကြက်သား ၊ မုန်လာဥနီ ၊ နံနံပင် အားလုံး‌ရောထည့်ပြီး ရေထည့်လိုက်ပါ။

၃။ အိုးပွက်ပွက်ဆူဘာရင် အပူချိန်အနည်းငယ် လျှော့လိုက်ပြီး ဆားထည့်ပါ ။
ထို့နောက် ကြက်သားအိုးကို ၃ / ၄ နာရီလောက်ထပ်မံ၍ တည်ထားပါ။  ရေခမ်းစ ပြုလာရင်ရေကို ထပ်ထည့်ပေးရပါမယ် ..

၄။ ပြီးနောက်  ကြက်သားအိုးကို ဖွင့်ကြည့်၍ ကြက်သား ( နူး ၊ မနူး ) စမ်းကြည့်ပါ ။  နူးသွားရင် မီးပိတ်ပြီး ကြက်သွန်မြိတ်လေး ထည့်လိုက်ပါ ..
နောက်ဆုံးမှသာလျှင် လှီးထားတဲ့ ရွှေပဲသီးတွေခပ်ထည့်ပါနော်

၅။ ကြက်သားကို သီးသန့်စားချင်ရင်တော့ ခပ်ထုတ်ပြီး အချဉ် ငရုပ်နှစ်ဆေ့ာစ်လေးနဲ့ တို့စားလို့လည်း လိုက်ဖက်ပါတယ် ။
( စွပ်ပြုတ်ချည်း သတ်သတ် သောက်ချင်လို့လည်းရပါတယ်နော် ..)

တခြား အသီးအရွက် နဲ့ အမွှေးအကြိုင် တွေကိုလည်း မိမိကြိုက်နှစ်သက်သလို ထည့်စားလို့ရနိုင်ပါတယ်နော် ..

ကျန်းမာရေးအတွက်သင့်တော်အာဟာရပြည့်တဲ့  ဂျင်းကြက်သားစွပ်ပြုတ်ရည်လေး သောက်ဖြစ်အောင် သောက်ကြဖို့တိုက်တွန်းလိုက်ပါရစေ.. 




Categories: Articles

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: