Seafood Monster တွေအတွက် ရန်ကုန်မြို့တွင်းက အားရပါးရ စားလို့ကောင်းပြီး လတ်ဆတ်တဲ့ ပင်လယ်စာဆိုင်လေးများစီးရီး

ပင်လယ်စာစားရင်လတ်ဆတ်ပြီး ရှူးရှူးရှဲရှဲ အချဥ်နှစ်တွေနဲ့ မှ ပိုအရသာရှိတာ…ဟုတ်?လက်အိတ်တွေဝတ်ပြီး ပင်လယ်စာတွေကို သူတစ်‌ကောင် ကိုယ်တစ်ကောင် သာဆွဲလိုက်ရင် တစ်လောကလုံးမေ့သွား‌စေနိုင်မယ့်ဆိုင်လေးတွေကို ရွေးပေးထားလို့ ဆိုင်လေးတွေအကြောင်းကို အောက်မှာဆက်ပြီး ဖတ်ကြည့်ပေးပါဦးနော်………. 

စားတော်ပွဲ Seafood & Rakhine Cuisine

 ဆိုဒ်ကြီးဂိုက်ကြီး ကိုမှ အားရပါးရစားချင်ရင်တော့ ဆိုင်ခွဲ ၂ ဆိုင်တောင်ရှိတဲ့ ဒီဆိုင်လေးက တော်တော်မိုက်ပါတယ်
နာမည်ကြီးတဲ့ဟင်းပွဲက Seafood တွေအပြည့်နဲ့ တစ်လံလောက်ရှိတဲ့ ဗန်းကြီးပါပဲ (၈ယောက်လောက်အမုန်းဆွဲလို့ရတယ် ) 
တစ်ဗန်းလုံးကို ကျောက်ပုစွန် ၊ Cray Fish ၊ ရေဘဝဲ ၊ ဂဏန်း ဆိုလည်း 3 မျိုးလောက်အပြင် တခြားပင်လယ်စာ 10 မျိုးလောက်အပြည့်ထည့်ထားတာ  ဈေးက 128000 Ks ဆိုလို့ ဈေးကြီးတယ်ထင်ရပေမဲ့ တစ်ယောက်ကို 16000 Ks လောက်စုလိုက်မယ်ဆို ဒါမျိုးကြီးကိုစားလို့ရတယ်နော်…….

Shop(1)

အမှတ်၉၂၊ ရွှေတောင်တန်းလမ်း အလယ်ဘလောက် (၁၄လမ်းနဲ့ ၁၅လမ်းကြား) လမ်းမတော်မြို့နယ်၊ ရန်ကုန်။
Opening Hour – 11:00 Am to (Last Order) 9:30 Pm
Phone Number – 09 775732137

Shop(2)

အမှတ် (A+B) မေဥယျာဉ်အိမ်ယာ၊
ရတနာလမ်းမကြီး (ကျိုက္ကဆံဘုရားဘေး) ၊သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်။
Opening Hour – 11:00 Am to (Last Order) 9:30 Pm
Phone Number – 09 776477755.

ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link 


Seafood House Bar

နာမည်လေးကိုက ဆန်းကြယ်တာပါနော်။ ဆိုင်လေးက ရွှေလိပ်ပြာအိမ်ရာ ၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး မှာဖွင့်ထားပြီး ဆိုင်လေးကအရမ်းတော့မကြီးပါဘူး။ ဘတ်ဂျက်ချိန်စားမယ်ဆိုရင်တော့ တော်တော် အဆင်ပြေတဲ့ ‌ဆိုင်လေးပါ။

ဟင်းပွဲတွေရဲ့ဈေးက အနည်းဆုံး 1000 Ks ကနေ အများဆုံး 8500 Ks ပဲရှိတော့ ဈေးလေးတွေလည်းတန်လို့ သွားစားကြည့်သင့်တဲ့ ဆိုင်လေးတစ်ဆိုင်ပါပဲ။

ဒီဆိုင်လေးရဲ့ နာမည်ကြီး ဟင်းပွဲကတော့ ပင်လယ်စာ ကုန့်ထန်‌လှေကြီး ( 8500 ks ) ပါ။ ပုဇွန် / ဂဏန်း / ရေဘဝဲတွေနဲ့ စပ်စပ်လေးစားရတာဆိုတော့ တန်လည်းတန် စားလို့လည်းကောင်းပါတယ်။

လိပ်စာက တိုက် (၂) ၊ အခန်း (၄) ၊ မြေညီထပ် ၊ ရွှေလိပ်ပြာအိမ်ရာ ၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး
Opening Hour – 11:00 Am – 9:30 Pm
Phone Number – 09427564480

ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link 


The Boiling Shirmp Myanmar 

ဆိုင်ကျယ်ကျယ်နဲ့ ဘော်ဒါတွေစုပြီး  Chill လုပ်ချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးက အတော်ကောင်းပါတယ်။
အပေါ်ထပ် / အောက်ထပ် ၂ ထပ်ရှိပြီး ရန်ကင်းမှာဖွင့်ထားတာပါ။ ရှုးရှူး ရှဲ ရှဲ ပင်လယ်စာကုန့်ထန်နဲ့ Seafood Boat ဆိုတာကြီးတွေလည်းရပါသေးတယ်။

သူငယ်ချင်းတွေစုပြီး သွားစားရင် ပိုတန်တဲ့ဆိုင်လေးတစ်ဆိုင်ပါပဲ။

Seafood Boat (35500 Ks) မှာဆို Seafood  အမျိုးအစား 12 မျိုးထဲက ကြိုက်ရာ 4 မျိုးရွေးလို့ရတယ်။ လောင်းလှေထဲမှာထည့်ထားပေးတော့အထူးအဆန်းကိုဖြစ်လို့ပေါ့…..

 The Boiling Shrimp 

Address – အမှတ် ၂၆-က ၊ အောင်ဇေယျလမ်း၊ရန်ကင်းမြို့နယ်
Opening Hour – 11 Am – 11 Pm ( Last order 10:30 Pm)
Phone Number – 09795299678

ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link 


Green House ရခိုင် / တရုတ်အစားအစာ နှင့် ပင်လယ်စာ

ဒီဆိုင်လေးက မြောက်ဥက္ကလာ (ဈ)ဈေးနားမှာဖွင့်ထားတာပါ။ ဈေးနဲ့နီးတော့ ပင်လယ်စာတွေက လတ်ဆတ်ပြီး စားလို့ကောင်းတယ်။
ဈေးကလည်း ဗန်းအကြီးကြီးနဲ့ ပင်လယ်စာ ဟော့ပေါ့ကန်ကိုမှ 10000 Ks / 20000 Ks / 30000 Ks ဆိုပြီး size 3 မျိုးရပါတယ်။ 

ဟော့ပေါ့စတိုင် ပူပူစပ်စပ်ကိုမှ ဂဏန်း / ဂုံး /သွေးဂုံး / ဂုံးရှည် / ကျောက်ပုစွန်  / ပုဇွန် အို……စုံနေအောင်ထည့်ပေးထားတာပါ။ အလယ်အလတ် တစ်ဗန်းတောင် ၄ / ၅ ယောက်လောက် အကြိုက်ဆွဲလို့ရတယ်။

Opening hours – 9:00 Am to 9:00 Pm

Address – အမှတ်/ ၁၁၈,မေဓါဝီလမ်းမ, ဆ/ ရပ်ကွက်,မြောက်ဥက္ကလာပ မြို့နယ်,ရန်ကုန်တိုင်း ။
(ကန်သာယာမီးပွိုင့် ဘယ် (စျ ) စျေး ဘက် ၂ ခေါက်ချိုး ၁ လမ်းကျော် )

Phone Number – 01-9690614 / 09-788836591 / 09- 258561253

ဆိုင်ရဲ့ Profile အပြည်အစုံကိုကြည့်ရန် Link 


PH 7 BBQ & Seafood Villa

ဒီဆိုင်‌လေးက လှိုင်ဘူတာရုံလမ်းထဲမှာ ရှိတာပါ။ သွားရလာရအဆင်ပြေပြီး စားရတဲ့ Seafood တွေကလည်း လတ်ဆတ်တယ်။
Seafood ကို အရသာပုံစံမျိုးစုံနဲ့ အတော်လေးစုံတယ်။ စားရတာလတ်ဆတ်ပြီး Seafood တွေကရှယ်ပဲ။

မြင်တာနဲ့ သရေကျရတဲ့ ဟင်းပွဲဆိုရင် The Heaven (33000 Ks) ဆိုတဲ့ menu အသစ်ပါ
ဒီဟင်းပွဲ‌လေးက အနှစ်အရသာ ၃ မျိုးနဲ့ Heaven ရောက်သလိုခံစားသွားရတာပါနော်။ဘော်ဒါတွေ ပေါင်းစားမယ်ဆိုရင်လည်း အများကြီးစားလို့ရတယ်။

 Address – 3-B, Hlaing Station Road, Hlaing Township (ဘုရင့်နောင်နှင့်အေးရိပ်မွန်လမ်းနား)
(ကမ်းနားလမ်းဘက်ကလာရင် ဘုရင့်နောင် လမ်းမအတိုင်းလာ၊ ချောင်း၀ဘုန်းကြီးကျောင်းကျော်တဲ့ပွိုင့်ရောက်ရင် ညာဘက်ချိုးရင်ရပါတယ်)
Opening hours – 11:00 AM – 10:30 PM
(Last Order – 9:30 PM)
Phone Number – 09775100976

ဆိုင်ရဲ့ Profile အပြည့်အစုံကို ကြည့်ရန် Link 



Categories: Articles

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: