ပူပူစပ်စပ်တွေဆို ..စားချင်စိတ်တွေက တားမရ ဆီးမရပဲ ..ဟုတ် ??
ပင်လယ်စာ၊ အသားစုံ၊ အသားလုံး၊ အသီးအရွက် စသဖြင့် ရွေးချယ်စရာအမယ်များပြီး အထုံအစပ်၊ အနှစ်အရသာ စုံလင်ကောင်းမွန်တဲ့အပေါ်မူတည်ပြီး မင်မင်တို့ရွေးချယ်ပေးထားတဲ့ အမိုက်စား မာလာရှမ်းကောဆိုင်လေးတွေရဲ့ အကြောင်းကို အောက်မှာ ဖတ်ကြည့်ပေးသွားဦးနော်…
Spicy Pot
ကျောက်မြောင်းထဲက Spicy Pot ဆိုတဲ့ ဆိုင်လေးက ဈေးနှုန်းလေးတွေ တန်တယ်။ ဘတ်ဂျက်ဆိုင်လို့တောင်ပြောလို့ရတယ်။ မာလာအနှစ်တွေက Homemade အနှစ်တွေဆိုတော့ အရသာတွေကတော့ တော်တော်လေးကောင်းပြီး အစပ်အဟပ်တော်တော်လေးတည့်တယ်။ မာလာအနှစ်ဖိုးကတော့ ၁၂၀၀ ပေးရတယ်။
Set လိုက်လည်းရသလို စိတ်ကြိုက်ရွေးချင်လည်းရတယ်။ ၁၀၀ ကျပ်ကနေစပြီးရွေးလို့ရပြီး အသားတွေဆို တစ်ဗန်းမှ ဈေးအများဆုံး ၁၀၀၀ ပဲရှိတယ်။
Set လိုက်ဆိုရင်…တစ်ယောက်စာ Set – 5000 ks / Seafood တစ်ယောက်စာ Set – 7000 ks /နှစ်ယောက်စာ Set – 9000 ks ပဲဆိုတော့ ကိုယ့်ဘတ်ဂျက်နဲ့ချိန်ညှိပြီးစားလို့ကောင်းတဲ့ဆိုင်လေးပါ။
Address – အမှတ် ၉၊ ဓမ္မဝိဟာရလမ်း၊ ကြားကွက်သစ်ရပ်ကွက်၊ (ကျောက်မြောင်းစတိုးအနီး)၊ တာမွေမြို့နယ်
Opening Hour – 11:00 Am – 9:30 Pm
Phone Number – 09 448 367 710
ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link
သင်းပျံ့မွှေး မာလာရှမ်းကောနှင့် မာလာဒုတ်ထိုး
သင်းပျံ့မွှေးမာလာရှမ်းကောဆိုင်က ရန်ကုန် မှာတင်မဟုတ်ဘူး မန္တလေး၊ တောင်ကြီး နဲ့ လာရှိုးမြို့တွေမှာပါဖွင့်ထားတယ်။ ဒီဆိုင်လေးက အေးအေးဆေးဆေးနဲ့ ဆိုင်ကျယ်ကျယ်ဝန်းမှာစားချင်သူတွေအတွက်ဆို အရမ်းအဆင်ပြေတယ်။ ဒီဆိုင်ရဲ့ မာလာအနှစ်တွေက ကိုယ်တိုင်လုပ်ထားတဲ့အတွက် အရသာက တစ်ခြားဆိုင်တွေနဲ့မတူဘူး။ မာလာအနှစ်ဖိုးလည်း ပေးစရာမလိုတော့ အရမ်းမိုက်တယ်။ ဈေးနှုန်းလေးတွေကလည်း သင့်တယ်။
အသီးအရွက် နဲ့ ရေစိမ် ဆို 100 g ကိုမှ 1000 Ks နဲ့
အသား/ ပင်လယ်စာ နဲ့ အသားလုံး တွေဆို 100 g ကို 2500 Ks ထဲရယ်
ဂျုံခေါက်ဆွဲတစ်ခုကိုမှ 1000 ပဲ (သူ့ဂျုံခေါက်ဆွဲကတခြားဆိုင်တွေမှာမရဘူး ဒီဆိုင်မှာပဲရတာ)
Set လိုက်ဆိုလည်း ပွဲသေး – 10000 Ks /ပွဲလတ် – 14000 Ks /ပွဲကြီး – 18000 Ks ပဲ။
ပွဲလတ်ဆိုရင်တောင် ၃-၄ ယောက်လောက်အေးဆေးစားလို့ရတယ်။ ဈေးကြီးတဲ့ထဲလည်းမပါသလို အရသာလည်း ကောင်းတယ်ဆိုတော့ သွားစားကြည့်သင့်တဲ့ဆိုင်လေးပါ။
Address – အမှတ် (A+B) ၊ မေဥယျာဉ်အိမ်ယာ၊ ရတနာလမ်း၊ ကျိုက္ကဆံဘုရားနှင့် မလိခအိမ်ယာကြား၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်
Opening Hour – 9:00 Am – 9:00 Pm
Phone Number – 09258149068 / 09967088886
မန္တလေး Address – လမ်း ၃၀၊ ၆၆ × ၆၇ လမ်းကြား
Phone Number – 09458796688 / 09966955558
တောင်ကြီး Address – ည/၁၈၊ ညောင်ပင်သာလမ်း(ငြိမ်းချမ်းဟိုတယ်မျက်စောင်းထိုး)၊ ညောင်ဖြူစခန်းရပ်ကွက်
Phone Number – 09788880844 / 09898912223
လားရှိုး Address – အမှတ်(၂/၆/၁၅၁)၊ ဒေါနလမ်းနှင့် မြတ်လေးလမ်း၊ အ.ထ.က(၂) အပေါ်လမ်းထောင့်၊ ရပ်ကွက်(၂)
Phone Number – 09266612678
ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link
Number One
Number One ဆိုတဲ့ ဆိုင်လေးက အရသာ အစပ်အဟပ်ပိုင်းနဲ့ပတ်သတ်ရင် တော်တော်ကြိုက်မိတဲ့ဆိုင်လေးပါ။ အရသာကောင်းလွန်းတဲ့ မာလာအနှစ်အတွက် အနှစ်ဖိုးပေးစရာမလိုတာလေးကိုတော့ တော်တော်သဘောကျမိတယ်။ အကြိုက်ဆုံးနောက်တစ်ခုကတော့ သူတို့ဆိုင်မှာပဲရတဲ့ ခေါက်ဆွဲပါ။ ဈေးနှုန်းလေးတွေကလည်းများတဲ့ထဲမပါဘူး။
အသီးအရွက်ကဆို 100g – 500 Ks
ရေစိမ်ဆို 100g – 700 Ks
မှို နဲ့ အသားက 100g – 1800 Ks
Seafood ဆို 100g – 2200 Ks လောက်ပဲဆိုတော့ ဘော်ဒါတွေနဲ့ စုပြီးသွားစားသင့်တဲ့ဆိုင်လေးပါ။
Address – No.74, Near KBZ Bank, PhoneGyi Street, Lanmadaw Township
Phone.No – 09775168999
ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link
Rianbow Mala Xiang Guo,Hot Pot & BBQ
Rainbow မာလာရှမ်းကောဆိုင်က မြေနီကုန်း၊ ရှမ်းကုန်းလမ်းထဲမှာ အသစ်ဖွင့်ထားတဲ့ဆိုင်လေးပါ။ အရသာလည်းကောင်းပြီး ဈေးလည်းတန်တယ်။
အသီးအရွက်ဆို 300/500 / ကြက်အူချောင်းတို့ပင်လယ်စာအစုံလေးတွေက 500 / အသားနဲ့ပင်လယ်စာတွေဆို 1000 နဲ့ မာလာခေါက်ဆွဲတို့ဘာတို့က တစ်ထုပ်ကို 300 ပဲရှိတယ်။
Set လိုက်စားချင်တယ်ဆိုလည်း လုပ်ပေးပါတယ်။ ဘယ်လောက်ဖိုးကို ဘာနဲ့စားချင်လဲပြောလိုက်ရုံပဲ။ ၅၀၀၀ ဖိုးနဲ့ အထက်ဆို မာလာအနှစ်ဖိုးပေးစရာမလိုဘူး။ ၅၀၀၀ ဖိုးအောက် ဆိုရင်တော့ မာလာအနှစ်ဖိုး ၁၀၀၀ ပေးရတယ်။
Address – အမှတ် ၁၁ ၊ ရှမ်းကုန်းလမ်း ၊ မြေနီကုန်း
Opening Hour – 10:00 Am – 10:00 Pm
Phone Number – 09890334257 / 09785944542
ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link
Mala Mart
မာလာနဲ့ပတ်သတ်ပြီး တော်တော်များများရတဲ့ Mala Mart ဆိုတဲ့ ဆိုင်လေးက လှည်းတန်းဦးထွန်းလင်းခြံလမ်းမှာရှိတာဆိုတော့ သင်တန်းတွေတက်ရင်းသွားစားမလား သူငယ်ချင်းတွေနဲ့ပဲ Date မလားအဆင်ပြေတယ်။
Set လိုက်သီးသန့်ပဲရောင်းတဲ့ သူ့ရဲ့ ဈေးနှုန်းလေးတွေက
ကြက်/ဝက် နဲ့ဆိုရင် 6900 Ks / ပင်လယ်စာ နဲ့ဆိုရင် 8900 Ks ပဲရှိပါတယ်။
အထုံအစပ်က စိတ်ကြိုက်ပြောပြလို့ရတယ်။ အနှစ်အရသာကလည်း အသားတွေထဲထိ ဝင်တယ်။Set တစ်ခုကို နှစ်ယောက်လောက်ဗိုက်တင်းနေအောင် အဝစားလို့တယ်။
Address – No.43 , Building (9-I) , U Tun Lin Chan St , Hledan Tsp . Yangon
(ဦးထွန်းလင်းခြံလမ်းအဆုံးက ခြံဝန်းလေးထဲမှာပါနော်)
Opening Hour – 10 Am – 8 Pm )
Phone Number – 09 – 268 889 438 , 09 – 421 081 107
ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link
Categories: Articles
Leave a Reply