ဟော့ပေါ့ဆို အရည်လေးရှူးရှဲသောက် အသား / အသီးအရွက်တွေကို အချဉ်စပ်စပ်လေးနဲ့တို့စား….အဲ့လိုမျိုးစားရတာမျိုးကိုသဘောကျတယ်ဟုတ်? အရသာထိထိမိမိ လေးနဲ့ ဈေးလည်းတန် / အသားတွေလည်း လတ်ဆတ်တဲ့ ဆိုင်လေးတွေကို အောက်မှာပြောပြပေးထားတယ်နော်……
GRILL & CHILL
ဒီဆိုင်လေးက အချိန်အကန့်အသတ်မရှိ အဝစားဘူဖေးဆိုင်လေးပါ။
သူ့ဆိုင်ရဲ့ထူးခြားချက်လေးက ဟော့ပေါ့ + BBQ အကင် + Side Dishes ဟင်းပွဲ တွေ အကုန်လုံးကို လိုသလို အမှတ်ခြစ်ပြီး မှာစားရတာပါပဲ။
Buffet Package က Type A – 7800 ++ Ks / Type B – 9850 ++ Ks / Special – 11800 ++ Ks ဆိုပြီး ၃ မျိုးရှိတယ်။
Package ပေါ်မူတည်ပြီးရွေးချယ်စရာ အသားနဲ့ Side Dishes ပွဲတွေ ကွာသွားတာပါ။ စာရေးသူသွားစားဖြစ်တာက ဟော့ပေါ့ကြောင့်ပါ။ ဘာလို့လဲဆိုရင် သူဆိုင်မှာရတဲ့ အသားတွေက စုံတယ်။အမဲသား / ကြက်သား / ဝက်သားပြား / Seafood တွေက လတ်ဆတ်တယ်။ ဟော့ပေါ့မကြိုက်လဲ BBQ ကင်တွေနဲ့ Side Dishes ဟင်းပွဲ ကြီးတွေနဲ့တင်တော်တော်လေးတန်ပါတယ်။
အဝစားဆိုင်လေးမို့ ကိုယ်စားချင်တာကို လိုသလောက်တောင်းလို့ရတယ်နော်။
Address – အမှတ် ၂/၂၅ သုမင်္ဂလာလမ်း အိမ်ယာ၊ လေးထောင့်ကန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ် (ကပ်ချီးယားမှတ်တိုင်အနီး)
Opening Hour – 11 Am – 3 Pm
3:30 Pm – 4:30 Pm (Break Time)
4:30 Pm – 11:00 Pm
Phone Number – 09 953 304 555
ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link
Yummy Hot Pot
ဒီဆိုင်လေးတော့ ရန်ကုန်မှာ ၂ ဆိုင်တောင်ရှိတယ်။ ပါရမီလမ်းက ဘူဖေးဆိုင်ရယ်၊ ဗိုလ်တစ်ထောင် က Á La Carte ဆိုင်ခွဲလေးရယ်ပါပဲ
စာရေးသူကတော့ ဗိုလ်တစ်ထောင်က Á La Carte ဆိုင်လေးကို ပိုစားဖြစ်တယ်။ ဘာလို့ဆိုရင်ဟော့ပေါ့တော့စားချင်တယ်၊အဝမစားနိုင်ဘူးဆိုပြီး ဖြစ်နေချိန်ဆို ဟော့ပေါ့ ဘူဖေးကကိုယ့်အတွက်မတန်တော့ဘူးလေ…..
Á La Carte ဆိုင်လေးမှာဆို ဘူဖေးဆိုင်တော်တော်များများမှာမရှိတဲ့ စာရေးသူအကြိုက် Imported Meal တွေ Seafood အစုံတွေကို လိုသလောက်ပဲမှာစား၊ ပြီးရင် ကျသလောက်ပဲရှင်း ရတော့ Budget လည်း ချိန်စားလို့ရတယ်။
ဟော့ပေါ့အတွက် ရွေးစရာ Items ပေါင်း ၆၀ ကျော်လောက်ရှိပြီး ဈေးကလည်း
အသီးအရွက်ဆို 800 / 1000 Ks ဝန်းကျင်နဲ့ အသား / Seafood တွေဆို 1600 Ks လောက်က စပြီးရှိတယ်။
အရည်က အရသာ ၅ မျိုးရတယ်။ အချို / တုံယမ်း / မာလာ / ခရမ်းချဉ်သီး နဲ့ မှိုဟင်းရည် ကိုမှ 1000 ဖိုးအဝသောက်ပါ။
Address – မဟာဗန္ဓုလလမ်းနှင့် ၄၅ လမ်းထိပ် ၊ ဗိုလ်တစ်ထောင်မြို့နယ်
Opening Hour – 11:00 Am – 10:00 Pm
Phone Number – 09783888801 , 09783888802
ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link
Shwe Hlay Hot Pot & Restaurant
ဒီဆိုင်လေးက ဟော့ပေါ့ / BBQ အဝစား ဘူဖေးဆိုင်လေးပါပဲ။ ဟော့ပေါ့ ဘူဖေးအစားကို 8500 Ks ပါ။ Time Limit ကတောါ့ ၂ နာရီပေးထားပါတယ်။
ဟော့ပေါ့အတွက်ဆို အရည်အရသာက အချို / အစပ် / ချဉ်စပ် / မာလာ / တုန်ယမ်း ဆိုပြီး ၅ မျိုးရပါတယ်။ ရွေးစရာ Items ပေါင်း ၃၀ ကျော်လောက်ရှိတယ်။ စားကောင်းတာတွေက ပုဇွန်ထုပ် / ဂဏန်း / ပြည်ကြီးငါး / ကြက်သားပြား / ဝက်မှိုလုံး / ဂုံးတွေ ပါပဲ။ တခြားရနိုင်တဲ့ အသား / ပင်လယ်စာတွေလည်း အများကြီးရှိသေးတယ်။
ပြီးတော့ Appetizer 4 မျိုး / အအေး 3 မျိုး / ရေခဲမုန် 2 မျိုး ကလည်း Free Flow ပဲဆိုတော့ တော်တော်လေးကိုတန်တယ်လို့ပြောလို့ရတဲ့ဆိုင်လေးပါ။
Address – အမှတ် (၁) ၊ တပင်ရွှေထီးနှင့်ဦးဝိစာရလမ်းထောင့်၊ မဟာမြိုင်အိမ်ရာအနီး၊ မြောက်ဒဂုံ၊ ဟောင်ကောင်မှတ်တိုင်။
(ဘေလီတံတကနေဆင်းရင် ဘယ်ဘက်ချိုးပြီး၀င်ရပါတယ်)
Opening Hour – 12 Pm – 9 Pm
Phone Number – 09966168366
ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link
Fu Fu Hot Pot & Mala Fragrant Pot
ဒီဆိုင်လေးက ရန်ကုန်မှာ ဆိုင်ခွဲ ၃ ဆိုင်တောင်ရှိတာပါ။ ဟော့ပေါ့အပြင်မာလာရှမ်းကောလည်း စားလို့ရသေးတယ်။
အရည်အရသာမှာဆိုရင် အချို / မာလာ / မီဆို / တုံယမ်း / ကိုရီးယားအစပ် ဆိုပြီးရတယ် ( အဝသောက် Free )
Set နဲ့လည်းစားလို့ရသလို Á La Carte နဲ့စားချင်တယ်ဆိုလည်း ရသေးတယ်။
Set လိုက်ဆိုရင် ကြက်/ ဝက်အသား Set က 7500 Ks နဲ့ Seafood Set ဆိုရင် 9500 Ks ပါ။
Side Dish တွေကလည်း ၅၀၀ ကျပ်က စပြီးရတယ်။ စာရေးသူ အမြဲစားဖြစ်တာလေးတွေက ဝက်မှိုလုံး / FuFu ပုဇွန်ချောင်း / ဝက်သားနှပ်မာလာတွေပါ။ အအေးနဲ့ရေကလည်း Free Flow ပဲ။
Opening Hour – 10 Am – 9 Pm
Address –
Shop 3 : No.1 Level 5 , Dagon Center 2 , Sanchaung , Yangon .
Shop 2 : 04-004 , 4th Floor, Junction Mawtin, Lanmadaw Tsp, Yangon.
Shop 1 : 02-007, 2nd Floor , Junction 8, Mayangone Tsp, Yangon.
Phone Number – 09 – 691516777
ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link
Luck Shwin Hot Pot Buffet U YaeKhel
No Time Limit နဲ့ အဝစားဘူဖေး 7000 Ks ဆိုပြီး နာမည်ကြီးတဲ့ဆိုင်လေးပါ။ တန်ချက်က တော့ 9++ ပါပဲ။
ဟော့ပေါ့အတွက်ဆို အရည်က အချို / အစပ် / မာလာ / တုံယမ်း ဆိုပြီးရတယ်။ ရွေးစရာ အသီးအရွက် / မှို / အသားတွေပေါင်း ၅၀ ကျော်လောက်ရှိတော့ စုံတယ် ပြောလို့ရတယ်။ Seafood ထဲမှာဆို ဂဏန်း / ပုဇွန် / ဂုံး / မရွတ် / ခရုတွေထိပါရတယ်။
အဲ့ဒါအပြင် မာလာရှမ်းကော / ထမင်းကြော် / သင်္ဘောသီးထောင်း / ဂဏန်းမဆလာ ဆိုပြီး Side Dishes တွေလည်း အမြဲရတယ်။
Dessert ၆ မျိုးနဲ့ အအေး ၂ မျိုးလည်း ဘူဖေးထဲပါသေးတယ်။ ဘတ်ဂျက် သမားတွေအတွက်တော့ အရမ်းတန်တဲ့ဆိုင်လေးပဲ
ဆိုင်လိပ်စာ – အမှတ် ( ၉ )ဦးရေခဲလမ်း /( ၂ ) ရပ်ကွက် မရမ်းကုန်းမြို့နယ်
Phone Number – 09 953 044 257 / 09 430 442 57
ဆိုင်ရဲ့ Profile အပြည့်အစုံကြည့်ရန် Link
Categories: Articles
Leave a Reply