ရန်ကုန်မြို့ရဲ့အမိုက်စား Stress Free Zone လေးများ

အိတ်ဖောင်းနေချိန် စိတ်ကောင်းဝင်လို့ကတော့ လာဟေ့….. Chill Out ကြမယ်ဆိုတဲ့ သူတွေအတွက် လကုန်ရက်လေး မှာ ကဲကြဖို့ ရန်ကုန်မြို့က Chill လို့ Fine တဲ့ဆိုင်လေးတွေ စုစည်းပေးထားပါတယ်။

ဆိုင်တွေရဲ့ မတူညီပဲထူးခြားတဲ့ အချက်လေးတွေအောက်မှာပြောပြပေးထားလို့ သေချာဖတ်ကြည့်ကြနော်……..

96 Bistro

ဒီဆိုင်လေးက ဗိုလ်ရာညွှန့်လမ်းမှာ ဖွင့်ထားပြီး လူငယ်တွေ သောက်မယ် ပြီးရင် Challenge ဂိမ်းတွေ ကစားရင်း ပျော်ကြမယ်ဆိုရင် ကွက်တိပဲ။ ဒီဆိုင်လေးမှာက မလေးရှား စတိုင် အစားအသောက်နဲ့ BBQ အကင်တွေကို အရသာမိုက်မိုက်နဲ့ စားလို့ရတာက စာရေးသူကြိုက်တဲ့ အချက်ပဲ

သောက်စရာတွေထဲကဆို ဘီယာ, ဝီစကီ, ဝိုင်, ကော့တေးနဲ့ ရှီရှား တွေလည်းအစုံရတယ်

ရှီရှား ဆိုလည်း Flavour 9 မျိုးတောင်ရတဲ့အပြင် ရန်ကုန်ဘယ်နေရာမှာမှ မရသေးတဲ့
LED ရှီရှား လည်းရသေးတယ်။

96 Bistro 

Address – 18/B , Boyarnyunt Street, Dagon Township
Opening Hour – 11 Am – 12 Am
Phone Number – 09695432969

ဆိုင်ရဲ့ Profile အပြည့်အစုံကို ကြည့်ရန်


Mr.Cow Myanmar

ဒီဆိုင်လေးက Yangon International Hotel ဝန်းထဲမှာဖွင့်ထားတာပါ။ အမြည်းကောင်းကောင်းနဲ့ Chill ချင်သူတွေအတွက် လုံးဝကွက်တိပဲ

ဆိုင်က ၂ ထပ် ရှိပြီး အပေါ်ထပ်မှာ Bar လေးဖွင့်ထားတယ် ညနေပိုင်းလေးသွားမယ်ဆိုရင် အပေါ်ထပ် Bar ကနေ Night Life လေးကို လည်းခံစားလို့ရတယ်

သောက်ရင်းအမြည်းအတွက် စာရေးသူအကြံပေးချင်တာက ထိုင်ဝမ် No.1 BBQ အကင်တွေပါပဲ။ အကင်တွေအားလုံးက 1000 Ks ကနေ 2500 Ks ဝန်းကျင်ပဲရှိတယ်။ ပြီးတော့ Beer / Wine / Cocktail / Liquor အစုံလည်း ရသေးတယ်။

Opening Hour – 11 Am – 2 Am

Address – No.330 , Yangon International Hotel Compound , Ahlone Rd , Dagon Tsp , Yangon

Phone Number – 09 898090096

ဆိုင်ရဲ့ Profile အပြည့်အစုံကို ကြည့်ရန်


Asahi 3

ဆူဆူညံညံတွေ မကြိုက်ဘူး၊ အေးအေးဆေးဆေး Unplugged လေးပဲ နားထောင်ရင်း Night Life လေးကို ခံစားမယ်ဆိုရင် ဒီဆိုင်လေးက အသင့်တော်ဆုံးပါ။ ဆိုင်လေးက မြောက်ဒဂုံထဲမှာဆိုင်ခွဲ ၃ ဆိုင်တောင် ဖွင့်ထားတာ။ အမြည်းဈေးတွေကလည်းတန်ပြီး ဘီယာ‌တွေကလည်း စုံစိနေအောင်ရတော့ ဘတ်ဂျက်ချိန်  Chill ဖို့ အရမ်း အဆင်ပြေတယ်။
ဒီဆိုင်မှာ စာရေးသူအကြိုက်လေးတွေက BBQ အကင် နဲ့ Seafood Menu ဟင်းပွဲတွေပါပဲ။
ဟင်းပွဲတိုင်းက Portion လည်းများတော့ ဘော်ဒါတွေ လုံလုံလောက်လောက် မြည်းလို့ရတာပေါ့။

Opening Hour – 10 Am – 1 Am

 Asahi 3
Address – No.862 , 36th Qtr , Pinlon Road , North Dagon Tsp , Yangon.
Phone Number – 09 899 562 507 , 09 515 5510 , 09 420 782 888 .

 Asahi 1
Address – No.1,2 . Bo Ba Htoo Rd & Corner of Anawrahta Rd , North Dagon Tsp , Yangon.
Phone Number – 09 763 175 875 , 09 420 782 888 , 09 688 881 878 .

 Asahi 5
Address – No.50 , Ngar Man Aung Pagoda Rd , 33 Quarter , North Dagon Tsp , Yangon .
Phone Number – 09 777 745 558 ,09 515 5510 , 09 420 782 888

ဆိုင်ရဲ့ Profile အပြည့်အစုံကို ကြည့်ရန်


Vuvuzela Cafe & Beer Club

ဒီဘားလေးက ဗိုလ်တစ်ထောင်မြို့နယ် Urban Asia Center ထဲမှာဖွင့်ထားတာသိပ်မကြာသေးပါဘူး။ လူငယ်အကြိုက်ပုံစံမျိုးကိုမှ  Unplugged Music / DJ ၂ မျိုးလုံးကို တစ်နေရာထဲမှာခံစားရမှာပါ။

အစားအသောက်အများစုကတော့ ဗီယမ်နမ်စတိုင်လေးတွေ များတယ်။ ဒီဘားလေးမှာ Cocktail အရသာအဆန်းအပြားလေးတွေအစုံရတာက စာရေးသူသဘောကျတဲ့ အချက်ပဲ။
တခြား Beer / Liquor / Cocktail / Mocktail အစုံလည်းရတော့ အ Fine ပါပဲနော်…..

ပြီးတော့ အပတ်တိုင်းလည်း မတူညီတဲ့ ပရိုမိုးရှင်းလေးတွေ ရှိတော့ အမုန်းကဲလို့ကောင်းတဲ့နေရာလေးပါပဲ……

Opening Hour – 4 Pm – 2 Am

 Address – G-21/22 , Building ( B ) , Ground Floor , Urban Asia Center , Corner of 48th Street & Maha Bandula Road No. ( 10H ) , Yangon .

 Phone Number – 09 686 778 899

ဆိုင်ရဲ့ Profile အပြည့်အစုံကို ကြည့်ရန်


COOL BBQ & Restaurant

ဒီဆိုင်လေးမှာနာမည်ကြီးတာက ရန်ကုန်မြို့မှာ တွေ့ရခဲတဲ့  မြေအိုးဘီယာဆိုတာလေးပါပဲ။ သူတို့ဆိုင်ရဲ့ ရောသမမွှေအရသာကိုမှ ခပ်ပြင်းပြင်းလေးဖန်တီးထားတာ။ တော်တော်သောက်လို့ကောင်းတယ်။ Level ကလည်း ၃ ဆင့်ရတယ်။
 ( Level 1 – တစ်အိုး 8000 ks / Level 2 – 9000 ks / Level 3 – 10000 ks )
( Level 3 ကအကြမ်းဆုံး ဆိုတော့ ၂ ခွက်လောက်ဝင်ရင်ကို Limit ရောက်နေပြီ )
အမြည်းအတွက်ဆို  BBQ အကင် / တောချက်ဓလေ့ အရသာဟင်းပွဲလေးတွေရတော့ ‌ရှယ်ပဲလေ။

Opening Hour – 11 Am – 10 Pm

Address – No.1123 , Pyi Htaung Su Rd , 45-Quarter , North Dagon Tsp , Yangon .

 Phone Number – 09 7700 64658 , 09 4280 16304 , 09 7881 20096

ဆိုင်ရဲ့ Profile အပြည့်အစုံကို ကြည့်ရန်



Categories: Articles

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: