၄၇ လမ်းနားမှာ အသစ်ဖွင့်ထားတဲ့ Urban Asia Center ကို စားရေးသူ ဖြတ်သွားတိုင်းစားသောက်ဆိုင်တွေအများကြီးဖွင့်ထားတာ အမြဲတွေ့နေကျပဲ ။ သောကြာနေ့တစ်နေ့မှာ စာရေးသူရဲ့သူငယ်ချင်းနှစ်ယောက်ကိုအလုပ်ဆင်းရင် TGIF လုပ်ဖို့ Urban Asia Center မှာ ည ၇ နာရီလောက်ဆုံဖို့ပြောထားတာ။ သူတို့ကလည်း အချိန်ကွက်တိရောက်လာတာပဲ ။
အထဲမှာ စားသောက်ဆိုင် ၊ ကဖေးဆိုင် တွေကလည်း အစုံပဲ ။ နိုင်ငံခြားက Food Street ပုံစံကို ဖြစ်နေတာ လူတွေကလည်း အများကြီးပဲ ။ လျှောက်ကြည့်ကြရင်း စာရေးသူအဖွဲ့က စားလည်းစား သောက်လည်းသောက်မယ်ဆိုတော့ Vuvuzela Cafe & Beer Bar ဆိုတဲ့ဆိုင်လေးရွေးထိုင်မိတာပဲ ။ စားရေးသူက စားသောက်ဆိုင်တွေ ရောက်ရင် ငြိမ်ငြိမ်မနေတဲ့သူဆိုတော့ ထုံစံအတိုင်းစပ်စုမိတော့တာပဲ ။
Location
မဟာဗန္ဓုလလမ်းမကြီးနဲ့ ၄၇ လမ်းဆုံတဲ့ထောင့် မှာရှိတဲ့ Urban Asia Center ရဲ့ မြေညီထပ်မှာဖွင့်ထားတာပါ ။ ဆိုင်ရဲ့ တည်နေရာက လိုင်းကားနဲ့ လာမယ်ဆိုရင် တော့အဆင်မပြေပါဘူး ။ ကိုယ်ပိုင်ကားနဲ့လာမယ့်သူတွေအတွက်ဆိုရင်တော့ ကားပါကင်က Urban Asia Center ရဲ့ အောက်ဘက်မှာရှိပါတယ်။ ဆိုင်ကိုမရောက်ဖူးတဲ့ သူတွေအနေနဲ့ဆိုရင်တော့ ရှာတွေ့ဖို့နဲ့ လမ်းညွှန်ရ နည်းနည်းခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်က ၄၇ လမ်းဆိုပြီးလိပ်စာပေးထားပေမဲ့ Urban Asia Center ရဲ့ အပြင်ပတ်လမ်းက ရှာမှ ပိုအဆင်ပြေတဲ့အတွက် Location ကိုတော့ ⭐⭐⭐ Stars လောက်ပဲပေးချင်ပါတယ်။

Taste
အစားအစာအများစုက ဗီယက်နမ်စတိုင်ဆိုပေမဲ့ အရသာနဲ့ပက်သတ်တဲ့အပိုင်းကတော့ Local ပါးစပ်နဲ့အံကိုက်ဖြစ်တယ် ။ Bar ဆိုတော့ Beer /Cocktail / Wine / Liquor အစုံရတယ် ။ အစားအစာတော်တော်များများက အမြည်းစားရတဲ့ ဟင်းပွဲတွေများတာတွေ့ရတယ် ။
ပထမဆုံးမှာပြီး စားဖြစ်ခဲ့တာက Vuvuzela Raw Prawn Salad လေးပါ။ ပုဇွန်အစိမ်းကို ဆောစ့်စပ်စပ်လေးနဲ့သုပ်ထားတာ အညှီနံ့လည်းလုံးဝမရပဲ စားရတာအဆင်ပြေတယ် ။ ပြီးတော့ ပုဇွန်ခေါင်းတွေကိုလည်း အကြွပ်ပြန်ကြော်ပေးထားတော့ အရသာ၂ မျိုးခံစားမိစေတယ် ။ ဒီဟင်းပွဲလေးဆို ဘီယာ နဲ့တော်တော်လိုက်ဖက်တယ် ။

ထူးထူးခြားခြားစားခဲ့ရတဲ့ ဟင်းပွဲလေးတစ်ခုက Baked Oyster with Cheese လေးပေါ့။ ခရုကမာအသားကို ချိစ့်တွေနဲ့ရောသုပ်ထားတာ။ ပြီးတော့မှ အပေါ်က ချိစ့်ထပ်အုပ်ပြီး အပူပေး(မီးကင်)ထားတယ် ။အငွေ့တထောင်းထောင်းနဲ့ အိအိလေးစားကောင်းတယ်။ သူကတော့ Cocktail ခပ်ပြင်းပြင်းနဲ့ပိုလိုက်ဖက်ပါတယ် ။

ဘီယာ / Cocktail တွေနဲ့မလိုက်ဖက်ပေမဲ့ စားကြည့်ဖို့ Recommend ပေးချင်တာက ကြက်သားပလာတာ ဆိုတဲ့ဟင်းပွဲလေးတစ်ပွဲပါ။ အထဲမှာအသားတွေကို ကြိတ်ပြီးအစာသွပ်ထားတော့ အနံမွှေးမွှေးလေးနဲ့စားလို့အရမ်းကောင်းတယ်။

သောက်ရင်းမြည်းမဲ့ သူတွေအတွက်ဆိုရင် ပြည်ကြီးငါးကင်က အရမ်းအဆင်ပြေတယ်။ ပြည်ကြီးငါးကို နေခြောက်လှန်းပြီး ပြန်ကင်ထားတာတော့ အချဉ်ဆော့စ်လေးနဲ့တွဲစားရင် အရမ်းလိုက်ဖက်တယ် ။ အကြာကြီးဝါးရင်း အချိုအရသာပေါ်ထွက်လာတာက ယမကာလုလင်တွေ ဆိုအကြိုက်တွေ့စေမှာသေချာပါတယ်။

ဝက်သားကြိုက်တဲ့သူတွေအတွက် အရသာတစ်မူထူးခြားပြီး စားရမယ့် Vuvuzela Special Pork Cold-cut Platter လည်းစားကြည့်ခဲ့တယ်။ သုံးထပ်သား နဲ့ ကလီစာအစုံကို နူးအိနေအောင်လုပ်ထားပြီး ငပိဆောစ့်စပ်စပ်လေး နဲ့တို့စားရင်ရတဲ့အရသာလေးက ထိထိမိမိ နဲ့ စားလို့ အရမ်းကောင်းတယ်။

ဘားရဲ့အသက်က Cocktail ဆိုသလို အသွင်အပြင်ခပ်မိုက်မိုက်နဲ့ ဓာတ်ပုံရိုက်လို့လှတဲ့ Cocktail တွေက တစ်ခွက်ကို 4000 ks ဝန်းကျင်လောက်ပဲရှိပါတယ်။ Red Label ကို Base ခံထားပြီး Orange အနံ့လေးသင်းနေအောင် အခွံကို မီးတောက်နဲ့ သောက်ခါနီးညှစ်ပေးတော့ သောက်လိုက်ရင် လျှာပေါ်မှာ Orange နံ့လေးကျန်ခဲ့တဲ့ Marmalade Sour ရယ် Gin Base နဲ့ စပ်ထားပြီး ခပ်ပြင်းပြင်းနဲ့ Limit ရောက်တဲ့ Asian Fusion Negroni လေးတွေကတော့ စာရေးသူတို့ မြည်းစမ်းခဲ့တာလေးတွေပေါ့။

အရသာပိုင်းအနေနဲ့ကတော့ ဗီယက်နမ်အစားအစာတွေများတော့ လူတိုင်းအကြိုက်တွေ့ဖို့တော့ ခက်လိမ့်မယ်။ ဒါပေမဲ့ Bar ဆိုတော့ Drink တွေရဲ့အရသာလေးတွေကိုတော့ တော်တော်သဘောကျခဲ့တဲ့ အတွက် ⭐⭐⭐⭐ Stars လောက်ပေးချင်ပါတယ်။
Atmosphere
ဆိုင်ကကျယ်ဝန်းပြီး အပေါ်ထပ် ၊ အောက်ထပ် ၂ ထပ်ရှိတယ် ။ ဆိုင်အပြင်နံရံမှာလဲ Graffiti Art ဆွဲထားတာမှ အကြီးကြီးပဲ။ စာရေးသူတောင် သဘောကျနှစ်ခြိုက်မိတယ် ။ ဒီဘားလေးက Unplugged Music နဲ့ DJ ရော ၂ မျိုးလုံး ခံစားလို့ရတော့ လူငယ်တွေ ၊ အသက်လတ်ပိုင်းတွေအတွက်ပါ အဆင်ပြေတယ် ။ အပြင်လျှောက်လမ်းဝိုင်းတွေဆို ရင်လည်း သဘာဝဆန်ဆန် မြင်ကွင်းလေးနဲ့ ထိုင်လို့ကောင်းတယ်။ အရမ်းဆူဆူညံညံ မကြိုက်တဲ့သူတွေအတွက်တော့ မသင့်တော်ပေမဲ့ ဆိုင်အပြင်အဆင် နဲ့ နေရာထိုင်ခင်းတွေ Comfortable ဖြစ်တာကြောင့် Atmosphere ကို အလယ်အလတ် အဆင့် ⭐⭐⭐⭐ Stars ပေးချင်ပါတယ်။
Price
ဈေးနှုန်းကတော့ Bar ဆိုင်လေး ဖြစ်တာကြောင့် ပုံမှန်ဆိုင်တွေထက်တော့ အနည်းငယ် High Range ဖြစ်တယ်လို့ စာရေးသူယူဆပါတယ်။ သို့ပေမဲ့ ဖျော်ဖြေမှုနဲ့ အစားအသောက်အရသာတွေက အဆင်ပြေတော့ပေးရတဲ့ဈေးနဲ့ပြန်ရတာ တန်တယ်ပြောလို့ရပါတာကြောင့် ဈေးနှုန်းအတွက် ⭐⭐⭐ Stars ပေးချင်ပါတယ်။
Service
ဆိုင်သစ်ဆိုတော့ ဝန်းထမ်းတွေမကျွမ်းကျင်မှုကိုတော့ အနည်းငယ်တွေ့ရပါတယ် ။ ဝန်ထမ်းတွေရဲ့ ဝတ်စားဆင်ယင်ပုံက ဘားတစ်ခုနဲ့တော့ မအက်စပ်သလိုပဲလို့ စာရေးသူ ခံစားမိတယ် ။ တချို့ဝန်ထမ်းတွေကတော့ နိုင်ငံခြားသားတချို့ကို တောင် Service ကောင်းကောင်းပေးနိုင်တာတွေ့ ရပေမဲ့ အစားအသောက်တွေမှာရင် အနည်းငယ် အချိန်ကြန့်ကြာတာကို လိုအပ်ချက်တစ်ခုအဖြစ်မြင်တာကြောင့် Service အပိုင်းကို ⭐⭐⭐ Stars ပဲပေးချင်ပါတယ် ။
Conclusion
နိဂုံးချုပ်အနေဖြင့်ပြောရမယ်ဆိုရင်တော့ ဒီဆိုင်လေးက Bar လေး ဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေ ဖြေဖျောက်မယ့်သူတွေအတွက်တော့ အသင့်တော်ဆုံးနေရာလေးပါ ။ Location အရ သွားရခက်ခဲတဲ့အချက်ရယ် ၊ Service ပိုင်းအရ လိုအပ်ချက်လေးတွေရှိသေးတာတွေ့ရတယ်။ Location , Taste , Atmosphere , Price နဲ့ Service တွေအားလုံးကိုခြုံပြီး အမှတ်ပေးပျမ်းမျှတွက်ကြည့်လိုက်တဲ့ အခါ ⭐⭐⭐ Stars ရတဲ့အတွက် တစ်ခေါက်လောက်တော့ သွားကြည့်ဖို့ အကြံပေးချင်ပါတယ်။

Categories: Review
Leave a Reply