မက်လောက်စရာ ပင်လယ်စာတွေကို စားနေကျမဟုတ်တဲ့ အရသာတွေနဲ့ ဖန်တီးထားတဲ့ PH 7 BBQ & Seafood Villa

စာရေးသူတို့သူငယ်ချင်းတစ်ဖွဲ့ဟာ လှိုင်ဘက်ကို အလုပ်ကိစ္စနဲ့ရောက်ခဲ့ကြတယ်။ နေ့လည်စာစားချိန်ရောက်တော့ ဗိုက်ဆာကြတာနဲ့အနီးနားတစ်ဝိုက်မှာ ဘာဆိုင်ကောင်းကောင်းလေးများရှိမလဲဆိုပြီး ဆိုင်ပတ်ရှာကြရင်း လှိုင်ဘူတာရုံလမ်းပေါ်က ………………

PH 7 BBQ & Seafood Villa ဆိုတဲ့ဆိုင်လည်းတွေ့ရော ပင်လယ်စာဆို တားမရစီးမရဖြစ်အောင်ကြိုက်တဲ့ စာရေးသူတို့အဖွဲ့ဟာ နှစ်ခါတောင် ညှိစရာမလိုခဲ့ပါဘူး။ဒီဆိုင်ကိုပဲတန်းရွေးခဲ့ကြတာပါပဲ။ ဘာတွေစားခဲ့တယ် ဆိုင်ကဘယ်လိုပုံစံမျိုးရှိတယ်ဆိုတာကို အောက်မှာဆက်ကြည့်ပေးနော်…..


Location

ဆိုင်က ဘယ်နားလေးမှာလည်းဆိုတော့ လှိုင်ဘူတာရုံလမ်းမပေါ်မှာပါ။ လှိုင်ဘူတာရုံလမ်းပေါ်ရောက်တာနဲ့ ဆိုင်ကိုရှာရတာမခက်ပါဘူး ဘာလို့လဲဆိုတော့ ဆိုင်ရဲ့ ဆိုင်းဘုတ်ကလည်းကြီးကြီးမားမားနဲ့ ထင်သာမြင်သာရှိတယ်။ ကားပါကင်အတွက်လည်း နေရာကျယ်တဲ့အတွက် ကိုယ်ပိုင်ကား ဒါမှမဟုတ် Taxi နဲ့သွားရင်တော့ ပိုအဆင်ပြေတယ်။ လမ်းကြောသိပ်မကျွမ်းတဲ့သူတွေအတွက်ဆိုရင်တော့ သွားရနည်းနည်းခက်သလို လမ်းညွှန်ပေးရနည်းနည်းခက်လိမ့်မယ်။ လိုင်းကားနဲ့သွားမယ်ဆိုရင်ကျတော့ တစ်ချို့နည်းနည်းဝေးရင် ၂ ဆင့်လောက်စီးရတာတို့ ကားရှားတာတို့ဖြစ်နိုင်တော့ Location အတွက် Rating ကို ⭐⭐⭐ Stars လောက်ပဲပေးချင်ပါတယ်။


Taste

ပထမဆုံးစမှာဖြစ်ခဲ့တာက သူတို့ဆိုင်မှာ အသစ်ထွက်ထားတဲ့ The Heaven ဆိုတာလေးပါ။ ဒီဟင်းပွဲမှာ ပုစွန်၊ ဂဏန်း၊ ဂုံးရှည် ဆိုပြီး ၃ မျိုးပါတယ်။ အရသာကကျတော့…..ပုစွန်ကို အစပ်လေးချက်ထားတာ။ ဂဏန်းက ချဉ်စပ်လေးနဲ့ ဂုံးကို အချိုလေးဆိုတော့ အရသာ ၃ မျိုးနဲ့ ရှယ်စားလို့ရတယ်။ အရသာတွေက ၃ ပွဲလုံး ရောစားရင် ချိုချဉ်စပ်လေး ပိုကောင်းတယ်။ ထမင်းလေးပါမှာပြီးစားရင် ကွက်တိပဲ။

ပင်လယ်စာနဲ့ ပလာတာနဲ့ တွဲစားလို့ရတယ်လို့ မစဉ်းစားမိတဲ့ စာရေးသူတစ်ယောက်ကို Acadian ဆိုတာက ရင်ထဲထိစွဲငြိအောင် လုပ်လိုက်တယ်။ ကြည့်လိုက်ရင်တော့ ထိုင်းအရသာလိုလို ပလာတာနဲ့တွဲစားရတာဆိုတော့ အိန္ဒိယအစားအစာလိုလိုလားပေါ့။ စားကြည့်လိုက်တော့ သူ့ရဲ့ Taste က European ဘက်ရောက်တယ်။ နည်းနည်းစပ်စုကြည့်တော့ Acadian ဆိုတဲ့ လူမျိုးတွေသုံးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ထားတာပါတဲ့။ သူ့အရသာက အရမ်းလည်းမစပ်တော့ အစပ်မစားနိုင်တဲ့သူဆိုလည်း အဆင်ပြေတယ်။ ထပ် ၁၀၀ ပလာတာလေးနဲ့ထဲကို ပင်လယ်စာလေးတွေထည့်ပြီးတော့ အရသာခံစားကြည့်သင့်တယ်နော်။

Tiger ပုစွန် 16 ကောင်ကို ပန်းကန်အကြီးကြီးထဲမှာပုံထည့်ထားပေးပြီအရင်လာချပေးတယ်။ ပြီးတော့ ကိုယ်တွေရှေ့မှာတင် မီးတောက်ကြီးလာလုပ်ပြပေးတယ်။ အရမ်းမိုက်တယ်။ ဟင်းပွဲနာမည်က 16 Tiger Camp Fire တဲ့။ ပုစွန်အကြီးကြီးတွေအပြင် နှစ်တရာသီးနဲ့ ကညွတ်တွေလည်းပါသေးတယ်။ ပုစွန်အရသာကလည်း လတ်ဆတ်ပြီးချိုနေတာပဲဆိုတော့ ပုစွန်ကြိုက်သူတိုင်းမစားမဖြစ်စားကြည့်သင့်တယ်။

နောက်ဆုံးစာရေးသူတို့စားခဲ့တာက Scallop Cheese ဆိုတာလေးပါ။ စားဖို့ဇွန်းလေးနဲ့ဆွဲလိုက်တိုင်း Cheese အတန်းလိုက်နဲ့။ အရသာကလည်း ချိုအီစိမ့်လေးဆိုတော့ အရမ်းကောင်းပြီးကြိုက်ခဲ့ရတာလေးပါ။

အရသာပိုင်းအနေနဲ့ပြောရမယ်ဆိုရင် ပင်လယ်စားခဲ့ရသမျှပင်လယ်စာတွေအကုန်လုံးက တော်တော်လေးလတ်ဆတ်တယ်။ အရသာတွေကလည်းအမြဲတောင့်တနေလောက်အောင်သဘောကျမိတဲ့အတွက် အရသာပိုင်းကိုတော့ ⭐⭐⭐⭐⭐ Stars ပေးချင်ပါတယ်။


Atmosphere

ဆိုင်ထဲဝင်လိုက်တာနဲ့ အေးအေးချမ်းချမ်းရှိသွားသလိုခံစားရတယ်။ စားပွဲနဲ့ ထိုင်ခုံလေးတွေကတော့ ရိုးရိုးသစ်သားခုံလေးတွေပဲဆိုပေမဲ့ အဆင်ပြေတယ်။ ဆိုင်လေးက သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်လေးရှိတယ်။ ကျယ်လည်းကျယ်တယ်။ Decoration လုပ်ထားတာတော့ ရိုးရိုးရှင်းရှင်းလေးပဲလုပ်ထားတယ်။ ဓာတ်ပုံတွေရိုက်ချင်အောင်တော့ အရမ်းဆွဲဆောင်မှုသိပ်မရှိသေးဘူးဆိုတော့ Rating ပိုင်းအနေနဲ့ဆို ⭐⭐⭐⭐ Stars လောက်တော့ပေးချင်ပါတယ်။


Price

ဈေးနှုန်းအနေနဲ့ဆိုရင်တော့ တစ်ချို့ဆိုင်တွေထက်စာရင် နည်းနည်းများတယ်။ ဒါပေမဲ့ သူ့ဆိုင်မှာစားရခဲ့ရသမျှ ပင်လယ်စာတွေရဲ့လတ်ဆတ်မှု၊ ဆိုင်ဝန်ထမ်းတွေရဲ့ ဖော်ရွေမှုတွေကြောင့် စားရတာက လုံးဝစိတ်ချမ်းသာမှုအပြည့်ရပြီး တန်တယ်လို့ခံစားမိတယ်။ အမြဲတမ်းတော့ သွားမစားနိုင်ပေမဲ့ ပင်လယ်စာကြိုက်တဲ့ သူငယ်ချင်းရောင်းရင်းတွေကိုတော့ အမြဲလမ်းညွှန်ပေးဖြစ်တယ်။ Rating အနေနဲ့ဆိုရင်တော့ ⭐⭐⭐ Stars လောက်ပဲပေးထားချင်ပါတယ်။


Service

ဆိုင်ရဲ့ waiter ကိုတွေ့ခဲ့ရသလောက် Uniform တွေကို တစ်ချို့ကဝတ်တယ်၊ တစ်ချို့ကမဝတ်ကြဘူး။ ဟင်းပွဲနဲ့ပတ်သတ်တာတွေမေးကြည့်ရင်လည်း သိပ်မသိကြဘူး။ ပြဿနာတစ်ခုခုဖြစ်လာရင်လည်း ဆိုင်ရှင်နဲ့ မန်နေဂျာတွေပဲဖြေရှင်းပေးတာတွေ့ခဲ့ရတယ်။ ဒါပေမဲ့သဘောတော့ကောင်းပြီးဖော်ဖော်ရွေရွေတော့ရှိကြတယ်။ ဟင်းပွဲတွေကတော့ မှာလိုက်ရင်ရတာမြန်တယ်။ အရသာတစ်ခုခုပြန်ပြင်ချင်တယ်ဆိုရင်လည်းလုပ်ပေးတယ်အတွက် Service ပိုင်းကိုတော့ ⭐⭐⭐ Stars လောက်ပဲပေးချင်ပါတယ်။


Conclusion

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် ဆိုင်ရဲ့နေရာက ကိုယ်ပိုင်ကားနဲ့သွားမယ်ဆိုရင်တော့ အဆင်ပြေပေမဲ့ လိုင်းကားနဲ့သွားမဲ့သူတစ်ချို့အတွက်ကျတော့ ကားခက်ခဲနိုင်တယ်။ ဈေးနှုန်းကလည်း ပင်လယ်စာဆိုင်တွေတော်တော်များများရဲ့ဈေးနဲ့ သိပ်မကွာဘူး။ အရသာလေးတွေကတော့ တော်တော်ကောင်းတယ်။ Service ကလည်း မဆိုးလှဘူးပြောလို့ရတော့ Overall Rating အနေနဲ့ဆိုရင် ⭐⭐⭐⭐ Stars ရတဲ့အတွက် သွားစားကြည့်ဖို့အတွက် Recommend ပေးချင်ပါတယ်။




Categories: Review

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: