ပြည်လမ်းပေါ်ကဖြတ်သွားတိုင်းအမြဲတွေ့နေကြဖြစ်တဲ့ Mr. Cow ဆိုတဲ့ဆိုင်လေးကို ဝင်စားကြည့်ချင်နေခဲ့တာကြာပြီ။ ကံကောင်းစွာနဲ့ပဲ သူငယ်ချင်းတစ်ယောက်က သူစားနေကြဖြစ်ပြီး အရမ်းကြိုက်ရတဲ့ဆိုင်လေးမှာ တွေ့ဖို့ချိန်းတာက Mr. Cow ဖြစ်နေတော့ စာရေးသူရဲ့ အကွက်ထဲကို ကွက်တိဝင်သွားခဲ့တာပဲ။
ဆိုင်တစ်ဆိုင်ဆိုင်ရောက်တိုင်း မစပ်စုဘဲမနေနိုင်တဲ့ စာရေးသူတစ်ယောက် ဒီဆိုင်လေးမှာလည်း ဘာတွေစူးစမ်းဖြစ်ခဲ့လဲဆိုတာ အောက်မှာဆက်ကြည့်ပေးနော်။
Location
ပြည်လမ်းနဲ့ အလုံလမ်းထောင့်က Yangon International Hotel ဝင်းထဲမှာရှိတဲ့ Mr.Cow ဆိုတဲ့ဆိုင်လေးက လမ်းဆုံထောင့် ကနေကြည့်ရင်တောင် ဆိုင်ကို တန်းမြင်နေရတာဆိုတော့ သွားရလာရခက်ခဲတဲ့ထဲတော့ မပါပါဘူး။ Hotel ဝင်းထဲရောက် တာနဲ့ ညာဘက်ချိုးရင် ဆိုင်ကိုတန်းတန်းမတ်မတ် ရောက်နေပြီဆိုတော့ လမ်းညွှန်ရတာလည်း မခက်ဘူး။ ကားပါကင် ကလည်း Hotel ဝင်းထဲမှာရပ်လို့ရတယ် ဆိုတော့ ကားရပ်ဖို့အတွက်လည်း ပူစရာမလိုပါဘူး။ အဲ့ဒီအတွက် Location ကိုတော့ အကောင်းဆုံးအဆင့် ⭐⭐⭐⭐⭐ Stars ပေးချင်ပါတယ်။

Taste
အရသာပိုင်းကတော့ တော်တော်လေးကောင်းပြီး အဆင်ပြေတာတွေ့ခဲ့ရတယ်။ ပထမဆုံးမှာစားဖြစ်ခဲ့တာလေးက မာလာအိုး ဆိုတာလေးပေါ့။ သူက အမဲသားနဲ့ ဝက်သားဆိုပြီး နှစ်မျိုးရွေးလို့ရတယ်။ မာလာအရသာ Soup ပွက်ပွက်ဆူနေတဲ့ ပူပူစပ်စပ် အရည်အိုးလေးထဲကို အသား၊ အသားလုံးနဲ့ အသီးအရွက်တွေထည့်ပြီးလာချပေးတာ။ အသားတွေကလည်း အရမ်းစား ကောင်းပြီး အရည်အရသာကလည်း ပါးစပ်ထဲစွဲနေစေတယ်။

Cheese ဆိုရင်သိပ်ကြိုက်တဲ့ စာရေးသူအတွက်ကတော့ Cheese Sweet Potato လေးက တော်တော်လေးကို အကြိုက်တွေ့ စေခဲ့တယ်။ ကန်စွန်းဥအဖက်လေးတွေကို Cheese လေးတွေနဲ့ရောထားပေးတော့ ကန်စွန်းဥရဲ့ အချိုနဲ့ Cheese ရဲ့ ချိုအီစိမ့် လေးနဲ့ ပေါင်းစပ်ထားပေးတော့ အရမ်းစားမြိန်စေတယ်။

ထမင်းတစ်ခုခုစားမှ ဗိုက်ဝတာဆိုတဲ့သူတွေအတွက်ဆိုရင် Mushroom Pork Rice ဆိုတာလေး ကောင်းတယ်။ ဝက်သား၊ မှို၊ အသီးအရွက်၊ ဘဲဥအပြင် အသီးအရွက်ကို အပေါ်က စမ်းထားပေးတဲ့ အနှစ်လေးနဲ့နယ်ပြီးစားရတယ်။ အရသာက ချဉ်ပြုံးပြုံးလေးနဲ့ဆိုတာ့ မအီဘူး။ အစပ်လေးလည်းနဲနဲပါတော့ ပိုပြီးအကြိုက်တွေ့ခဲ့တယ်။

ထိုင်ဝမ်ခေါက်ဆွဲပြုတ် Taiwan Beef Noodle Soup ဆိုတာလေးလည်းတွေ့တော့ ဘယ်လိုမျိုးလေးလဲဆိုပြီး မှာစားကြည့်ခဲ့တယ်။ အရသာကတော့ ချဉ်စပ်လေး။ အသီးအရွက်လေးတွေနဲ့အမဲသားအပြင် အမဲအူကြမ်းလည်းပါတော့ သဘောတွေကျနေရတယ်။

မိနစ် 30 လောက်ကြာအောင် သေချာလေးအချိန်ပေးပြီး Grill လုပ်ထားတဲ့ Mr.Cow Grill Half Chicken လေးက ဆိုင်ရဲ့ Signature ပွဲလေးတစ်ခုလို့ပြောလို့ရတယ်။ Order မှာမှ Grill လုပ်ပေးတာဆိုတော့ တခြားဟင်းပွဲတွေရတာထက်တော့ နဲနဲလေးတော့ကြာတယ်။ ကြက်သားနူးနူးညံ့ညံ့လေးကို သူ့ရဲ့ သီးသန့်ပေးထားအမှုန့်လေးဖြူးစားရင် ပိုစားကောင်းတယ်။ ဘေးနားမှာလည်း အာလူးကြော်လေးတွေနဲ့ Mayonnaise Salad လေးလည်းပါသေးတယ်။ Mr. Cow ရောက်ရင်တော့ မစားမဖြစ်စားကြည့်သင့်တဲ့အရာလေးပါနော်။

အရသာပိုင်းအနေနဲ့ပြောရမယ်ဆိုရင် စားခဲ့သမျှအားလုံးက အရသာထိထိမိမိနဲ့ နောက်တစ်ခါထပ်လာစားချင်နေအောင်ဆွဲဆောင်ထားနိုင်တဲ့အတွက် အကောင်းဆုံးအဆင့် ⭐⭐⭐⭐⭐ Stars ပေးချင်ပါတယ်။
Atmosphere
ဆိုင်က သပ်သပ်ရပ်ရပ်လေးနဲ့ ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ အပေါ်ထပ်မှာလည်း Roof Top လေးရှိတော့ ညနေ နေစောင်းချိန် အပေါ်ထပ်မှာထိုင်ပြီး ဘီယာလေးသောက် မုန့်လေးစားရင်း Chill လုပ်လို့ကောင်းတဲ့နေရာလေးပေါ့။ အပေါ်ထပ်ကိုတက်တဲ့ လှေကားတစ်လျှောက်ကိုလည်း မီးတန်းလေးတွေနဲ့ အလှဆင်ထားတော့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေအတွက် အဆင်ပြေတယ်။ ဆိုင်အောက်ထပ်ရဲ့ အပြင်အဆင်ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ။ Comfortable ဖြစ်အောင်တော့ လုပ်ထားတာလေးတွေ တွေ့ရတဲ့အတွက် ဆိုင်ရဲ့ Atmosphere ကိုတော့ အလွန်ကောင်းတဲ့အဆင့် ⭐⭐⭐⭐ Stars ပေးချင်ပါတယ်။
Price
ဈေးနှုန်းအနေနဲ့ပြောရမယ်ဆိုရင်တော့ သာမန်ဆိုင်တွေထက် အနည်ငယ်လောက်တော့ ဈေးများပါတယ်။ ဆိုင်ရဲ့ Facilities ၊ စားရတဲ့အရသာတွေကောင်းမွန်တာနဲ့ စားသောက်ကုန်ရဲ့ Quality ကောင်းတာတွေတွေ့ခဲ့ရတော့ ပေးရတဲ့ဈေးနှုန်းနဲ့တော့ တန်တယ်ပြောရပါမယ်။ စာရေးသူကိုယ်တိုင်လည်း အမြဲတမ်းသွားမစားနိုင်ပေမဲ့ အနည်းဆုံးတစ်လတစ်ခါနှစ်ခါလောက်ပဲ သွားစားနိုင်တဲ့အတွက် Price ကိုတော့ ကောင်းတဲ့အဆင့် ⭐⭐⭐ Stars ပေးချင်ပါတယ်။
Service
ဆိုင်ဝန်ထမ်းလေးတွေကဖော်ဖော်ရွေရွေရှိပြီး ဝတ်စားဆင်ယင်မှုဆိုလည်း Smart ဖြစ်တယ်လို့ ပြောလို့ရတယ်။ လိုအပ်တာ လေးတွေကို လိုက်ကြည့်ပေးတတ်ပြီး တစ်ခုခုမေးရင်လည်း ချက်ချင်းပြန်ဖြေပြီးဖြေရှင်းပေးနိုင်တယ်။ တွေ့ခဲ့ရသလောက်တော့ နိုင်ငံခြားသားတစ်ချို့လာတာတောင် အင်္ဂလိပ်လို ပြောပေးနိုင်တယ်။ Order မှာထားတဲ့ ဟင်းပွဲတွေဆိုရင်လည်း မြန်မြန် ဆန်ဆန်လေးရတာ တွေ့ခဲ့ရတယ်ဆိုတော့ ဆိုင်ရဲ့ Service ပိုင်းကို အကောင်းဆုံးအဆင့် ⭐⭐⭐⭐⭐ Stars ပေးချင်ပါတယ်။
Conclusion
နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် ဆိုင်ရဲ့ Location၊ အစားအသောက်တွေရဲ့ Quality နဲ့ Taste အပြင် Service ပိုင်းတွေက သွားဖူးသူတိုင်း စိတ်ကျေနပ်မှုကိုရစေတယ်။ တရုတ်အစားအစာကောင်းလေးတွေအပြင် အကင်ကောင်းကောင်းလေးတွေစားရင်း သူငယ်ချင်းတွေ၊ မိသားစုတွေ သွားစားဖို့ သင့်တော်တဲ့ဆိုင်လေးပါ။ Location, Taste, Atmosphere, Price နဲ့ Service ပိုင်းအားလုံးကို အမှတ်ပေးပြီးပျှမ်းမျှတွက်ကြည့်လိုက်တဲ့အခါ Four Stars ရတဲ့အတွက် သွားစားကြည့်ဖို့ Highly Recommend ပေးချင်ပါတယ်။

Categories: Review
Leave a Reply