Seafood ဟင်းပွဲတွေကို တစ်နေရာထဲမှာ အလျှံအပယ်စားလို့ရမယ့် စားတော်ပွဲ Seafood & Rakhine Cuisine

Seafood ဆိုအရမ်းကြိုက်တဲ့စာရေးသူရဲ့ အိမ်နားမှာမှ ပင်လယ်စာဆိုင်အသစ်ကြီးလာဖွင့်ထားတာတွေ့ထားတယ်ဆိုတော့ ပိတ်ရက်လေးမှာ သူငယ်ချင်း ၃၊၄ ယောက်လောက်ချောဆွဲပြီးရောက်သွားဖြစ်ခဲ့တယ်

ဒီ Seafood ဆိုင်က Social Media တွေပေါ်မှာ ပင်လယ်စာတွေထည့်ထားတဲ့ ဗန်းအကြီးကြီးတွေပြ၊ Check-in တွေဝင်ပြီး ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေတဲ့ “စားတော်ပွဲ” ဆိုတဲ့ ပင်လယ်စာမှာ စာရေးသူတို့သူငယ်ချင်းတစ်သိုက်နဲ့ ဘယ်လိုတွေ မြည်းစမ်းခဲ့လဲဆိုတာ အောက်မှာဆက်ကြည့်ပေးနော်။


Location

ဆိုင်ကဘယ်နေရာမှာရှိလဲဆိုတော့ သင်္ဃန်းကျွန်း ရတနာလမ်းမကြီးပေါ်မှာရှိတာပါ။ ရတနာလမ်းမပေါ်မှာ ရေဘဝဲပုံအကြီးကြီးနဲ့ “စားတော်ပွဲ Seafood” ဆိုပြီး စာလုံးအကြီးကြီးနဲ့ဆိုင်ကြီးကို ရတနာလမ်းမပေါ်က ဖြတ်သွားဖြတ်လာသူတိုင်း သတိထားမိစေမှာပါ။ ကားပိတ်တဲ့လမ်းကြောလည်းမဟုတ်တဲ့အပြင်ကားပါကင်အတွက်လည်း နေရာကျယ်ကျယ်ရှိတယ်။ Bus ကားနဲ့လာမယ်ဆိုလည်းကားမှတ်တိုင်ကလည်း နီးနီးလေးဆိုတော့ Location အတွက်တော့ စာရေးသူက အကောင်းဆုံးအဆင့် ⭐⭐⭐⭐⭐ Stars ပေးချင်ပါတယ်။


Taste

ဆိုင်ထဲရောက်တော့ မီနူးစာအုပ်လေးကြည့်ရင်း နာမည်ကြီးနေတဲ့ Seafood ဗန်းကြီးအကြောင်းမေးကြည့်တော့ စားနိုင်တဲ့သူတွေဆိုရင် ၇ ယောက် ၊ ၈ ယောက် လောက်စားလို့ရပြီး အစားနည်းရင် ၁၀ ယောက်လောက်စားလို့ရတယ်ဆိုပြီးပြောပြတယ်။ စာရေးသူတို့က ၄ ယောက်ထဲဆိုတော့ သူ့ထက် Size သေးတဲ့ King Size Seafood Tray ကိုပဲမှာစားဖြစ်ခဲ့တယ်။

ဘာတွေပါလဲဆိုတော့ ကျောက်ပုစွန် ၂ ကောင်၊ 200 g ရေဘဝဲ ၁ ကောင်၊ ရွှံ့ဂဏန်း ၁ ကောင်၊ ပန်းဂဏန်း ၂ ကောင်၊ Spanner Crab ၂ ကောင်၊ Scallops ၊ရေချိုပုစွန်၊ ဂုံးချော၊ ကမာ၊ ပြည်ကြီးငါး၊ ကင်းမွန်……တော်တော်လေးစုံစုံပါတယ်။ အရည်အရသာအတွက်က တုံယမ်း၊ မာလာ၊ Fresh Chili (Rakhine Taste) ဆိုပြီး ၃ မျိုးရွေးလို့ရတယ်။ စာရေးသူတို့ကတော့ တုံယမ်းနဲ့စားခဲ့တယ်။ သူရဲ့ပုံစံက Seafood တွေထည့်ထားတဲ့ ဗန်းကြီးကို အရင်လာချပေးတယ်။ အောက်မှာအပူပေးလို့ရအောင် မီးထည့်ပေးထားတယ်။ ပြီးမှ ဟင်းရည်လာစမ်းပေးတယ်။ ပင်လယ်စာအကုန်လုံးက ပြုတ်ပြီးသား ချက်ပြီးသားတွေများတယ်။ အရည်လာထည့်ပေးပြီးလို့ ဆူလာရင် ပင်လယ်စာပူပူလေးတွေစား ဟင်းရည်လေးသောက်နဲ့ တော်တော်လေးအရသာရှိပြီးစားလို့ကောင်းခဲ့တယ်။

နှီးဗန်းအကြီးကြီးပေါ်မှာ ပုစွန် ၃၃ ကောင်ကိုစီရီပြီးလာချပေးတဲ့ 33 Prawns ဆိုတာလေးလည်းတော်တော်အရသာရှိတယ်။ ပုစွန်အပြင်ဘေးနားမှာ ဂဏန်းချောင်းလေးတွေလည်းပါသေးတယ်။ သူ့ဟင်းပွဲရဲ့ အနှစ်အရသာက တော်တော်လေးကောင်းတယ်။ ထမင်းလေးမှာပြီး အနှစ်လေးနဲ့နယ်ပြီး အားရပါးရသာစား၊ တော်တော်လေးစားမြိန်စေတယ်။ ဈေးလည်းမကြီးတော့ စားရတာအတန်ဆုံးပဲ။

နောက်ထပ် အကြိုက်ဆုံးတစ်ခုဖြစ်ခဲ့တာက ဆယ်လမွန်ငါးခေါင်းဟင်းရည်လေးပါ။ ဆယ်လမွန်ငါးခေါင်းက ဆိုင်တိုင်းမှာလည်းမရသလို ရရင်လည်း မလတ်ဆတ်မှာစိုးလို့သိပ်မစားဖြစ်ဘူး။ ဒီဆိုင်မှာကတော့ စားရင်းနဲ့ကို စားမဝဖြစ်လာစေတာ။ သူက ငါးခေါင်းနဲ့ မျှစ်ချဉ်နဲ့ရောပြီးချဉ်စပ်လေးချက်ထားတာ။ အရမ်းတော့ မစပ်ဘူး။ ငါးဖယ်လူံးတွေနဲ့ ငုံးဥတွေကလည်းပါသေးတယ်။ အရည်လေးကလည်းလာချထဲက မွှေးနေပြီး သောက်လိုက်ရင် အရသာက ပါးစပ်ထဲကိုစွဲနေစေတယ်။

စားကြည့်ခဲ့ရသလောက်ဆိုရင် Seafood တွေက တော်တော်လေးကိုလတ်ဆတ်တာတွေ့ရတယ်။ ဟင်းပွဲတွေမှာ ပါတဲ့ ပါဝင်ပစ္စည်း၊ ဟင်းခတ်အမွှေးအကြိုင်ကအစ တော်တော်လေးဂရုစိုက်တာတွေံရတတော့ Rating ပိုင်းကို အကောင်းဆုံးအဆင့် ⭐⭐⭐⭐⭐ Stars ပေးချင်ပါတယ်


Atmosphere

ဆိုင်ရဲ့အပြင်အဆင်ပိုင်းကိုပြောရမယ်ဆိုရင် အောက်ဆုံးထပ်ကတော့ ကျယ်ကျယ်ဝန်းဝန်းနဲ့ ထိုင်လို့ကောင်းတယ်။ ရေတံခွန်လေးကလည်းရှိနေတော့ စိတ်ကြည်နူးစရာလေးဖြစ်စေတယ်။ အပေါ်ထပ်ရဲ့အပြင်အဆင်လေးကတော့ ကာတွန်းကားထဲရောက်သွားသလိုခံစားရအောင် ချစ်စရာလေး Decorate လုပ်ပေးထားတာတွေ့ခဲ့ရတယ်။ အပေါ်ဆုံးထပ်မှာကတော့ Gathering တွေ၊ Event တွေလုပ်လို့အဆင်ပြေမဲ့ Hall ခန်းလုပ်ထားပေးတာတွေ့ရတယ်။ ဆိုင်ရဲ့ ၃ ထပ်လုံးက သန့်ရှင်းသပ်ရပ်ပြီး Air-con တွေလည်းရှိတယ်ဆိုတော့ Rating ပိုင်းကို အကောင်းဆုံးအဆင့် ⭐⭐⭐⭐⭐ Stars ပေးချင်ပါတယ်။


Price

ပင်လယ်စာဆိုင်တော်တော်များများဆိုတာကလည်း ဈေးကကြီးတာများတယ်။ ဒီဆိုင်လေးကလည်း ဈေးနှုန်းအနေနဲ့ဆိုရင်တော့ မဆိုစလောက်လေးတော့ ဈေးများပါတယ်ပြောလို့ရတယ်။ ဒါပေမဲ့ စားခဲ့ရသမျှပင်လယ်စာတိုင်းက လတ်ဆတ်တော့ စားရတာတန်တယ်ပဲပြောရပါမယ်။ အမြဲတမ်းတော့သွားမစားနိုင်ပေမဲ့ တစ်လကို တစ်ခါလောက်တော့ သူငယ်ချင်းတွေနဲ့စုပြီးသွားစားကြရင် အဆင်ပြေပါတယ်။ ဆိုတော့…..ဈေးနှုန်းပိုင်းကိုတော့ ⭐⭐⭐ Stars လောက်ပေးချင်ပါတယ်။


Service

Service ပိုင်းပြောရမယ်ဆိုရင်တော့ ဆိုင်ကဝန်ထမ်းလေးတွေက ဖော်ရွေပျူငှာပြီး ဘေးနားမှာ လိုတာရှိလည်း ကူညီပေးကြတယ်။ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်ထားတာလည်းတွေ့ရတယ်။ ဒါပေမဲ့ ဆိုင်က အသစ်ဖွင့်ထားတာ သိပ်မကြာသေးလို့လားတော့ မသိဘူး တစ်ချို့ဝန်ထမ်းလေးတွေက တစ်ခုခုမေးရင်ကောင်းကောင်းမဖြေတတ်သေးတာ တွေ့ရတယ်။ ပင်လယ်စာဆိုတော့ ဟင်းပွဲထုတ်တာတော့ နဲနဲကြာတယ်။ သွားစားဖြစ်မှာသေချာရင် Reservation လုပ်ပြီးကြိုမှာထားတာ ပိုအဆင်ပြေပါတယ်။ Rating အနေနဲ့ဆိုရင်တော့ ⭐⭐⭐ Stars လောက်ပဲပေးချင်ပါတယ်။


Conclusion

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် ပင်လယ်စာကြိုက်သူတိုင်း မသွားမဖြစ်သွားကြည့်သင့်တဲ့ဆိုင်လေးပါ။ တစ်ယောက်ထဲသွားစားတာထက် လူများလေစားရတာပိုတန်လေဖြစ်တာကြောင့် မိသားစုမောင်နှမတွေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီးဖြစ်ဖြစ် သွားစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ Location, Taste, Atmosphere, Price နဲ့ Service ပိုင်းအားလုံးကို အမှတ်ပေးပြီးပျှမ်းမျှတွက်ကြည့်လိုက်တဲ့အခါ Four Stars ရထားတဲ့အတွက် သွားစားကြည့်ဖို့ Highly Recommend ပေးချင်ပါတယ်။



Categories: Review

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: