‌သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး Pizza Date လေးလုပ်ချင်တဲ့သူတွေအတွက် The Pizza Company

ဟိုတစ်နေ့က သူငယ်ချင်းတွေနဲ့ Myanmar Plaza မှာ ဝယ်စရာရှိတာလေးတွေသွားဝယ်ရင်း သူငယ်ချင်းတွေဆုံတုန်း မုန့်လေးဘာလေးစားမယ်ဆိုပြီး The Pizza Company မှာ ဝင်စားဖြစ်ခဲ့တယ်။ ဘာတွေစားခဲ့လဲ၊ ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာကို ပြန်ပြီး Sharing လုပ်ပေးမယ်နော်။


Location

Myanmar Plaza အပေါ်ထပ်မှာ ဖွင့်ထားတဲ့ဆိုင်လေးပါ။ Myanmar Plaza မှာဆိုတော့ ကမ္ဘာအေးဘုရားလမ်းဘက်ကိုရောက်တဲ့ ဘတ်စ်ကားမရှားတဲ့အတွက် သွားရေးလာရေး အဆင်ပြေတယ်။ ကားရပ်ဖို့နေရာကလဲ မြန်မာပလာဇာရဲ့ကားပါကင်ရှိတော့ အဆင်ပြေတယ်။ ပြီးတော့ဆိုင်ကလဲ မြန်မာပလာဇာရဲ့ အပေါ်ဆုံးထပ်ကို တက်သွားလိုက်တာနဲ့ တန်းတွေ့ရတာဆိုတော့ ဆိုင်လိုက်ရှာနေစရာမလိုတော့ဘူး။ ဒါပေမယ့် ကမ္ဘာအေးကားလမ်းကြောကတော့ ရုံးဆင်းချိန်ရုံးတက်ချိန်ဆို ပိတ်တတ်တဲ့အတွက် Rating ကိုတော့ ⭐⭐⭐⭐ Stars ပေးချင်ပါတယ်။


Taste

Pizza ဆိုင်ဆိုတော့ Pizza ကိုအရင်မှာစားလိုက်တယ်။ Crispy Chicken Seafood Deluxe Pizza တဲ့.. Seafood တွေအပြင် ကြက်သားချောင်းတွေအများကြီးနဲ့ အရသာက နည်းနည်းချဉ်ချဉ်လေးဆိုတော့ အရမ်းမအီဘူး။ ပီဇာသားကလဲ နူးနူးညံံံ့ညံံံံံံ့လေးနဲ့​ အနံံံ့လေးကလဲ မွှေးတော့ အရမ်းစားလို့ကောင်းတယ်။

နောက်ထပ် BBQ Chicken Wings ဆိုတာလေးကို မှာဖြစ်ခဲ့တယ်။ အသားလေးက အိအိလေးနဲ့ စားလို့တော်တော်ကောင်းခဲ့တယ်။

ထိုင်း Spicy Sauce နဲ့လုပ်ထားတဲ့ Pasta လေးလဲစားခဲ့သေးတယ်။ ခေါက်ဆွဲအသားလေးတွေ နူးအိနေပြီး Sausage လေးတွေ မှိုလေးတွေနဲ့ အရသာကချဉ်ချဉ်စပ်စပ်လေးနဲ့ဆိုတော့ တစ်မျိုးလေးစားကောင်းတယ်။

ပင်လယ်စာ Pizza ဆိုရင်လဲ ပါဝင်တဲ့ Seafood တွေကလဲ လတ်ဆတ်တယ်။ စာရေးသူအတွက် စားဖူးသမျှ Pizza ဆိုင်တွေထဲမှာ ဒီဆိုင်ရဲ့ Taste ကအကောင်းဆုံးလို့မြင်တဲ့အတွက် Rating ကိုတော့ ⭐⭐⭐⭐⭐ Stars ပေးချင်ပါတယ်။


Atmosphere

ဆိုင်တွင်း Decoration ပိုင်းက သိပ်ထွေထွေထူးထူး မရှိတော့ ဓာတ်ပုံတွေဘာတွေရိုက်ချင်ရင် နေရာကောင်းတော့မဟုတ်ဘူး။ ဆိုင်က အတော်အသင့်ကျယ်တယ်ဆိုပေမယ့် စားပွဲဝိုင်းတွေချထားတာက အရမ်းပြည့်ကျပ်နေသလို ခံစားရတယ်။ ဒါပေမယ့်လဲ ဆိုင်နေရာလေးက ကျယ်ဝန်းတဲ့အပြင် သန့်ရှင်းတယ်ဆိုတော့ Atmosphere ကိုတော့ ကောင်းတဲ့အဆင့် ⭐⭐⭐ Stars ပေးချင်ပါတယ်။


Price

Pizza ကကျတော့ Topping တွေပေါ်မူတည်ပြီး စျေးနှုန်းလေးတွေ အမျိုးမျိုးရှိတယ်ဆိုပေမယ့် တစ်သောင်းကျော်တန် Pizza တစ်ချပ်ကို လူနှစ်ယောက်လောက်စားလို့ရတယ်။ Pizza ဆိုရင်လဲ အသားတွေအများကြီးနဲ့ ပီဇာသားလေးတွေကလဲ နူးညံ့နေတာပဲ။ Pasta ဆိုရင်လဲ ခေါက်ဆွဲအသားလေးက နူးအိပြီး စားလို့အရမ်းကောင်းတယ်။ အရည်သွေးကောင်းတဲ့ Ingredients တွေကိုသုံးထားတာတွေ့ရတယ်။ ပေးရတဲ့စျေးနဲ့ တူတဲ့ Quality ပိုင်းရတဲ့ အတွက် တန်တယ်လို့မြင်တယ်။ ဒါကြောင့် Price ကိုတော့ အလွန်ကောင်းတဲ့အဆင့် ⭐⭐⭐⭐ Stars ပေးချင်ပါတယ်။


Service

ဆိုင်ဝန်ထမ်းလေးတွေရဲ့ ဝတ်စားဆင်ယင်ပုံလေးတွေကတော့ သန့်ရှင်းသပ်ရပ်တယ်။ English လိုကောင်းကောင်း Communicate လုပ်နိုင်တယ်။ အလုပ်လုပ်တဲ့ပုံစံကလဲ ပြာယာခတ်မနေဘဲ သူ့ဟာနဲ့သူစည်းစနစ်ကျတယ်။ Customer Complain တွေလဲ ကောင်းကောင်းဖြေရှင်းတတ်တယ်။ ဒါပေမယ့် Customer တွေအပေါ်ဆက်ဆံတဲ့အခါ အရမ်း Helpful မဖြစ်တာတွေ့ရတယ်။ ဒ့ါကြောင့် Service ပိုင်းကို ကောင်းတဲ့အဆင့် ⭐⭐⭐ Stars လောက်ပေးချင်ပါတယ်။


Conclusion

ဆိုင်အနေအထား၊ အစားအသောက်ပိုင်း အားလုံးကို ချုံကြည့်မယ်ဆိုရင် စိတ်ကျေနပ်စရာကောင်းခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့မုန့်စားရင်း ပေါ့ပေါ့ပါးပါး Date ချင်တယ်ဆိုရင်တော့ သွားစားသင့်တဲ့ဆိုင်လေးပါ။ Location, Taste, Atmosphere, Value For Money နဲ့ Service အားလုံးကို ပျမ်းမျှတွက်ကြည့်လိုက်ရင် Four Stars ရတဲ့အတွက် သွားစားကြည့်ဖို့ Highly Recommend ပေးချင်ပါတယ်။



Categories: Review

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: