European Style အပြင်အဆင်လေးနဲ့ Luxury ဆန်ဆန် Cellar Door Wine Bistro

၆ မိုင်ခွဲ Market Place ကိုသွားတိုင်း ဒီဆိုင်လေးကို သတိထားမိနေတာကြာပြီ။ ဆိုင်လေးရဲ့ Facebook Page ထဲဝင်ကြည့်လိုက်တော့ ဝိုင်တွေလဲရတယ်၊ European Food တွေလဲရတယ်ဆိုတာတွေ့တော့ ပိုစိတ်ဝင်စားသွားပြီး ဒီတစ်ခါတော့ Market Place သွားရင်းဝင်စားဖြစ်ခဲ့တယ်။ စားခဲ့ရတဲ့ Menu ဆန်းဆန်းလေးတွေကို ပြန်ပြီး Sharing လုပ်ပေးမယ်နော်။


Location

၆ မိုင်ခွဲ Marketplace အပေါ်ထပ်မှာဖွင့်ထားတဲ့ဆိုင်လေးပါ။ ပြည်လမ်းမပေါ်မှာရှိပြီး ဘတ်စ်ကားမရှားတဲ့အတွက် သွားရေးလာရေးအဆင်ပြေတယ်။ ကားပါကင်အတွက်ကတော့ Marketplace က ကားပါကင်မှာရပ်လို့ရတယ်။ ဒါပေမဲ့ ဆိုင်ရဲ့အနေအထားက သိနေတဲ့သူတွေအတွက်ဆိုရင်တော့ သိပ်မခက်ခဲပေမဲ့ တစ်ခါမှမရောက်ဖူးတဲ့သူတွေအတွက်ဆိုရင်တော့ ရှာရနည်းနည်းခက်နိုင်တဲ့အပြင် ပြည်လမ်းဘက်ကညနေပိုင်းဆိုရင် ကားလမ်းနည်းနည်းပိတ်တတ်တာကြောင့် Rating ကိုတော့ ⭐⭐⭐ Stars ပေးချင်ပါတယ်။


Taste

Europe မှာဆို စျေးအရမ်းကြီးပြီး ရှားတဲ့ငန်းအသဲကို Pan Fried လေးလုပ်ထားတာကိုမှ Sangaria Chatney ရယ် Stawberry Jam လေးတွေနဲ့ရောထားတဲ့ Foie Gras ဟင်းပွဲလေးရတာတွေ့တော့ မှာလိုက်တယ်…အသည်းလေးကနူးအိနေပြီး ပါးစပ်ထဲထည့်လိုက်တာနဲ့ပျော်သွားတဲ့အထိ နူးနူးညံ့ညံ့ရှိတယ်။

Menu ကိုကြည့်ရင်း Seafood ဆိုတာလေးတွေ့လို့ မှာလိုက်တာ ..သူကပန်းကန်လုံးအပေါ်ကအုပ်ထားတဲ့ Puff Pastry လေးကိုခွဲပြီးအထဲက Seafood Soup ကို ခပ်သောက်ရတာ။ နာမည်အပြည့်အစုံက Seafood Chowder တဲ့..Seafood ကြိုက်တဲ့သူအတွက်တော့ ဒီဟင်းပွဲလေးက အကြိုက်ဆုံးဖြစ်ခဲ့တယ်။

နောက်ထပ်တစ်ခုက
ဝက်သားလွှာနဲ့ Salami လေးကို ဆလပ်ရွက်ထဲထည့်ညှပ်ပြီး Toasted Bread ပေါ်တင်ပြီး Cheese လေးနဲ့တွဲစားရတဲ့ Cold Cut and Cheese Platter လေးစားဖြစ်ခဲ့တယ်။ အသားတွေထုပ်ထားတဲ့ ဆလပ်ရွက်လေးကို Cheese လေးနဲ့ တွဲစားလိုက်တော့ အရသာက တစ်မျိုးလေးထူးဆန်းသွားတဲ့အပြင် White Wine လေးနဲ့တွဲစားရင်ပိုကောင်းတယ်။

နောက်ထပ်စားဖြစ်ခဲ့တာလေးက ငှက်ပျောရွက်အုပ်ထားတဲ့သစ်သားဗန်းသေးသေးလေးပေါ်မှာ Pork Ribs လေးကို ပြောင်းဖူးလေးနဲ့ ကန်စွန်းဥကြော်လေးတွေနဲ့ တွဲစားရတဲ့ BBQ Pork Ribs …ဒီဟင်းပွဲရဲ့အားသာချက်လေးက ဝက်နံရိုးမှာ ကပ်နေတဲ့အသားလေးတွေက နူးအိပြီး လျှာပေါ်တင်လိုက်တာနဲ့ Sauce အရသာလေးကျန်ခဲ့တာပါပဲ။

အားလုံးစားသောက်ပြီး အချိုတည်းတဲ့အနေနဲ့ Black & White FERRERO Chocolate Mousse လေးကိုမှာလိုက်တယ်။ ချောကလက်တစ်ထပ် Milk တစ်ထပ် နဲ့ အရသာကလဲ အရမ်းအချိုဘက်မရောက်ဘူး။

အသားတွေကလဲ Imported Meat ဖြစ်တဲ့အတွက် နူးနူးညံ့ညံ့နဲ့ အရမ်းစားလို့ကောင်းပါတယ်။ European စာဆိုပေမယ့် မြန်မာပါးစပ်နဲ့မကိုက်မှာကိုစိုးရိမ်ခဲ့ပေမယ့် တကယ်တမ်းသွားစားကြည့်တော့ အဆင်ပြေခဲ့တဲ့အတွက် Taste ကိုတော့ ⭐⭐⭐⭐ Stars ပေးချင်ပါတယ်။


Atmosphere

ဆိုင်ခန်းကတော့ သန့်သန့်ရှင်းရှင်းရှိတယ်။ ညဘက်ဆိုရင်ဝရံတာမှာ လေလေးတဖြူးဖြူးနဲ့ ဝိုင်လေးသောက်ချင်တဲ့သူတွေအတွက် ခုံလေးတွေချပေးတယ်။ ဆိုင်ခန်းလေးက အရမ်းကြီးကျယ်ဝန်းတဲ့ထဲမှာတော့မပါဘူး။ အခန်းကတော့ သန့်သန့်ရှင်းရှင်းရှိတယ်။ ထိုင်ခုံတွေကလဲ သက်သောင့်သက်သာရှိတယ်ဆိုတော့ Atmosphere ကိုတော့ကောင်းတဲ့အဆင့် ⭐⭐⭐ Stars လောက်ပေးချင်ပါတယ်။


Price

Imported Meat တွေကိုသုံးတာဆိုတော့ Quality ပိုင်းကတော့ ပြောစရာမလိုအောင်ကောင်းပါတယ်။ Quality နဲ့ညီတဲ့စျေးနှုန်းလေးတွေ ပေးရတဲ့အတွက် စာရေးသူလဲ အမြဲတမ်းသွားစားဖို့ တတ်နိုင်မယ့်ဆိုင်ထဲမှာတော့မပါဘူး။ သူငယ်ချင်းတွေနဲ့တော့ တစ်လတစ်ခါလောက်သွားစားကြည့်ဖြစ်မယ့်ဆိုင်ထဲမှာတော့ပါတယ်။ Rating ကိုတော့ စျေးပေါတာစျေးကြီးတာနဲ့ မကြည့်ပဲ ပေးလိုက်ရတာစျေးနဲ့ ပြန်ရတဲ့အစားအသောက် Quality ပေါ်မူတည်ပြီး ⭐⭐⭐ Stars ပေးချင်ပါတယ်။


Service

Waiter/Waitress တွေကလဲ သပ်သပ်ရပ်ရပ်ဝတ်စားထားတယ်။ အပြုအမူအပြောအဆိုယဉ်ကျေးပျူငှာတယ်။ ဒါပေမယ့်လဲ ဝန်ထမ်းအင်အားနည်းတယ်ထင်မိတယ်။ Customers တွေ အများကြီးကျလာတဲ့အချိန်ကျရင် Service နိုင်ပါ့မလားလို့တော့တွေးမိတယ်။ ဒါပေမယ့်လဲ ဝန်ထမ်းတွေက ဘာမေးမေး ဖြေနိုင်တယ် Problem Solving Skills ရှိတဲ့အတွက် Service ပိုင်းကိုတော့ အလွန်ကောင်းတဲ့အဆင့် ⭐⭐⭐⭐ Stars ပေးချင်ပါတယ်။


Conclusion

အားလုံးချုံကြည့်မယ်ဆိုရင် အစားအသောက် Quality ပိုင်းကိုရော ဆိုင်အနေအထားကိုရော အ​တော်အသင့်စိတ်ကျေနပ်မှုရှိခဲ့ပါတယ်။ European Food ကိုမှ Luxury ဆန်ဆန်စားချင်တယ်ဆိုရင်တော့ သွားစားကြည့်သင့်တဲ့ ဆိုင်လေးလို့ထင်မိပါတယ်။ Location, Taste, Atmosphere, Value For Money နဲ့ Service အားလုံးကို အမှတ်ပေးပြီး ပျမ်းမျှတွက်ကြည့်လိုက်ရင် Three Stars ရတဲ့အတွက် သွားစားကြည့်ဖို့ Recommend ပေးချင်ပါတယ်။



Categories: Review

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: