မာလာရှမ်းကောနဲ့ဟော့ပေါ့ဆို ဈေးတန်တန်နဲ့သွားစားဖို့ Review တွေဖတ်ပြီး ရှာနေရင်း .. လူသိပ်မသိသေးတဲ့ ဆေး ( ၂ ) နားက ဆိုင်လေးကို တွေ့တာပဲ။ ချက်ချင်းဆိုသလို ကိုယ်လည်းသွားစားမိခဲ့တယ်။
ဒီဆိုင်လေးက ဆေး ( ၂ ) ကျောင်းနဲ့ နီးတာမို့ ကျောင်းသား/ လူငယ် အများစုထိုင်ကြတယ်။ ဈေးလေးကလည် တော်တော်လေးအဆင်ပြေတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက ဆိုင်လေးရောက်မှ သိခဲ့ရတယ်။ ဘာလဲဆိုတော့ .. မာလာရှမ်းကောကို အရည်နဲ့ ရတာပဲ …။ ဒီလို ထူးထူးဆန်းဆန်း Menu လေးတွေရှိတဲ့ အပြင် တခြားဘာလေးတွေ တွေကြုံခဲ့ရသေးလဲဆိုတာကို ပြောပြမယ်နော်။
Location
ဆိုင်နေရာလေးက .. မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းမကြီးပေါ်မှာရှိပြီး ဆေး( ၂ )နားက ဥက္ကာမှတ်တိုင်မှာ ဆင်းရင် ဆိုင်လေးကိုရောက်ပါပြီနော်။ လိပ်စာအပြည့်အစုံကတော့ အမှတ် ၄၈၈/၂ ၊ ခေမာသီလမ်းမကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှာပါ။ လမ်းမကြီးဘေးမှာရှိပြီး ဆိုင်ရှာရတာလွယ်ပေမယ့် မြောက်ဥက္ကလာမှာမို့ သွားရတာတော့ ခက်တယ်။ ဘတ်စ်ကားရှားတာရယ်၊ ညနေပိုင်းဆို ကားလမ်းအနည်းငယ် ပိတ်တာရယ်ကြောင့် Location ကို ⭐⭐⭐ Stars ပေးပါမယ်။

Taste
လူစိတ်ဝင်စားမှုများနေတဲ့ ဒီဆိုင်လေးရဲ့ ..မာလာရှမ်းကောအရည်လေးကို စားကြည့်ခဲ့တယ်။ ဈေးလေးက အသား(ကြက်/ ဝက်)နဲ့ ဆို 5500 Ks (Cola တစ်လုံးပေးတယ်) ၊ Seafood နဲ့ဆို 8000 Ks ပဲ (Cola နှစ်လုံးပေးတယ်)။ ဒီဟာလေးနဲ့တင်ဈေး တန်တယ်ဆိုတာ ခံစားမိတယ်။ အရည်နဲ့ဆိုတော့ ခြောက်ကပ်ကပ်ဖြစ်မနေဖူး ..ဆီနည်းပြီး မာလာအနှစ်အရသာလေးတော့နည်းနည်းပေါ့တယ်။ ရိုးရိုးနဲ့ အရည်ကွာခြားချက်လေးက ရိုးရိုးက မာလာအရသာပိုကဲပြီး အရည်နဲ့ကတော့ မာလာအနှစ်အရသာ ပေါ့တယ်ခံစားရတယ်။ အရည်လေးစားကြည့်မယ် ဆိုရင်တော့ Seafood နဲ့ကိုပိုပြီး Recommend ပေးပါတယ်။

နောက်ထပ်စားဖြစ်ခဲ့တာလေးကတော့ ဝက်နံရိုးမီးတောင်လေးပါ။ ဝက်နံရိုးတွေကို မီးတောင်လို စုစည်းထားပြီး ချဉ်ချဉ်စပ်စပ် အရည်လေးနဲ့မို့ တစ်ခါတည်း ပွင့်ထွက်သွားချင်သူတွေအတွက်တော့ အရမ်းမိုက်တယ်။ အသားလည်းများပြီးတော့ နူးအိနေတာပဲ။ ဟင်းရည်အရသာကတော့ စာရေးသူလို အငန်မကြိုက်တဲ့သူတွေအတွက် နည်းနည်းလေးတယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် အငန်ကြိုက်တဲ့သူတွေအတွက်ကျတော့ အနေတော်ပါပဲ။

ဒါကြောင့် ဒီဆိုင်မှာ စာရေးသူစားခဲ့တဲ့ မာလာရှမ်းကောအရည်နဲ့ ဝက်နံရိုးမီးတောင်အတွက် Taste ကိုတော့ကောင်းတယ်ဆိုတဲ့အဆင့် ⭐⭐⭐ Stars ပေးချင်ပါတယ်။
Atmosphere
ဆိုင်ရဲ့ နေရာထိုင်ခင်းကတော့ ပန်ကာတွေရှိပေမယ့် Aircon တစ်လုံးတည်းဆိုတော့ စားရေးသူတို့ သွားစားတဲ့အချိန်တုန်းက နဲနဲအိုက်တယ်လို့ ခံစားမိတယ်။ Hotpot ဆိုင်ဆိုတော့ ဒီထက်အေးရင်ပိုကောင်းမယ်ထင်ပါတယ်။ ဒါပေမယ့် Wifi Free လဲရပြီး ဆိုင်တွင်းဆိုင်ပြင် သန့်ရှင်းမှုရှိလို့ Atmosphere ကို ⭐⭐⭐ Stars ပေးချင်ပါတယ်။

Price
စျေးနှုန်းတွေက ၁၅၀၀ ကနေစလို့ ၁၀၀၀၀ ကျော်လောက်ထိရှိတယ်…Hotpot တို့ မာလာရှမ်းကောတို့က Set လိုက်ဆိုရင် 5500 လောက်ပဲရှိပြီး အသားတွေလည်းအများကြီးပါတယ်။ လူနှစ်ယောက်လောက်ကောင်းကောင်းစားလို့ရတယ်။ ဈေးအရမ်းတန်လွန်းတာကြောင့် Price ကိုတော့ ⭐⭐⭐⭐⭐ Stars ပေးချင်ပါတယ်။
Service
ဆိုင်က ဖွင့်တာမကြာသေးတဲ့အတွက် ဝန်ထမ်းတွေက သွက်သွက်လက်လက်နဲ့ ဖော်ရွေမှုရှိပေမယ့် ကျွမ်းကျင်မှုသိပ်မရှိသေးတာတွေ့ရတယ်။ ဒါပေမယ့် Complain ဖြေရှင်းတာတွေ ယဉ်ကျေးမှုရှိတာတွေကြောင့် Service ပိုင်းကိုတော့ ⭐⭐ ⭐ Stars ပဲပေးချင်ပါတယ်။
Conclusion
အားလုံးအနေနဲ့ချုံကြည့်ရမယ်ဆိုရင် ဆိုင်အနေအထားကိုရော အစားအသောက်ပိုင်းကိုရောအတော်အသင့် စိတ်ကျေနပ်မှုရခဲ့ပါတယ်။ မာလာရှမ်းကောနဲ့ ဟော့ပေါ့ကိုမှ စျေးနှုန်းသက်သက်သာသာနဲ့ အရသာရှိရှိစားချင်တယ်ဆိုရင်တော့ သွားစားကြည့်သင့်တဲ့ဆိုင်လေးပါ။ Location, Taste, Atmosphere, Value for Money နဲ့ Service ပိုင်းအားလုံးကို အမှတ်ပေးပြီး ပျမ်းမျှချလိုက်ရင် Three Stars ရတဲ့အတွက် သွားစားကြည့်ဖို့ Recommend ပေးချင်ပါတယ်။

Categories: Review
Leave a Reply